Transportation

ဘိုရင်း - ၇၃၇ မက်စ် ခရီးသည်တင်ဂျက်လေယာဉ်များအားကမ္ဘာတစ်ဝန်းပြေးဆွဲပျံသန်းခွင့်တားမြစ်ခြင်းမှ ရုပ်သိမ်း

ပျက်ကျမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ပြေးဆွဲပျံသန်းခွင့် ရပ်ဆိုင်းခံခဲ့ရသည့် ဘိုးရင်း- ၇၃၇ မက်စ် ခရီးသည်တင်ဂျက်လေယာဉ် များအား ကမ္ဘာတစ်ဝန်းပြေးဆွဲပျံသန်းခွင့် တားမြစ်ခြင်းမှ ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန် လေကြောင်းအာဏာပိုင်အဖွဲ့က ကြေညာခဲ့သည်။
 

 ၂၀၁၈ ခုနှစ်အတွင်းက အင်ဒိုနီးရှား နိုင်ငံ၌ ဘိုးရင်း-၇၃၇ မက်စ်ခရီးသည်တင် ဂျက်လေယာဉ်ပျက်ကျမှု တစ်ကြိမ်ဖြစ်ပွားခဲ့ ပြီး နောက်နှစ်တွင်လည်း အီသီယိုးပီးယား နိုင်ငံ၌ ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် အမေရိကန်လေကြောင်းစီမံခန့်ခွဲရေးဗဟိုက အဆိုပါဘိုးရင်း-၇၃၇ မက်စ်ခရီးသည်တင် ဂျက်လေယာဉ်များအား ပြေးဆွဲပျံသန်းခွင့်ကို ချက်ချင်းတားမြစ်ခဲ့ခြင်းဖြစ်သည်။

 

သို့ရာတွင် အဆိုပါ ဘိုးရင်း-၇၃၇ မက်စ် ခရီးသည်တင်ဂျက်လေယာဉ်များအား ကမ္ဘာ တစ်ဝန်းပြေးဆွဲပျံသန်းမှုကို ပြန်လည်စတင် ခွင့်ပြုမည်ဖြစ်ကြောင်း အမေရိကန်လေကြောင်း စီမံခန့်ခွဲရေးဗဟိုက နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။လေယာဉ် ပြေးဆွဲပျံသန်းမှုများကို အစောဆုံး ယခုနှစ်မကုန်မီ ပြန်လည်စတင်ဖွယ် ရှိနေသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ ခြင်းကြောင့် လေယာဉ်စီးခရီးသည် သိသိ သာသာလျော့ကျလျက်ရှိကြောင်း သိရသည်။
 
ဘိုးရင်းကုမ္ပဏီအနေဖြင့် ဝမ်းနည်းဖွယ် မတော် တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် လူ့အသက် များဆုံးရှုံးခဲ့ရခြင်းကို မည်သည့်အခါမျှ မေ့မည် မဟုတ်ကြောင်း ဘိုးရင်းကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဒေးဗစ်ကယ်ဟွန်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
 
အမေရိကန်လေယာဉ်ကုမ္ပဏီ ဘိုးရင်း သည် ၎င်း၏ ၇၃၇ မက်စ်ခရီးသည်တင် ဂျက်လေယာဉ်များ မြေပြင်တွင် ရပ်နားထားခဲ့ ရချိန်နောက်ပိုင်း အခက်အခဲများဖြင့် ရင်ဆိုင် ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးပြဿနာကို ပိုမိုဆိုးရွား သွားစေခဲ့ကြောင်း သိရသည်။
 
ဘိုးရင်းကုမ္ပဏီသည် ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြီးမားသည့်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ကုမ္ပဏီ၏ အလုပ်သမားအင်အားကို သိသိသာသာလျှော့ချ ခဲ့ရကြောင်းလည်း သိရသည်။
 
 
The Mirror Daily News
 
 
Myanmar Logistic Guide
Read times
Rate this item
(0 votes)