Transportation

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၌ နိုင်ငံတကာလေယာဉ်များကို ဒီဇင်ဘာ ၇ ရက်မှစတင်ကာ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၌ နိုင်ငံတကာလေယာဉ် များ ဝင်ရောက်ခွင့်ကို ငါးလကြာ ပိတ်ထားခဲ့သော်လည်း လာမည့် ဒီဇင်ဘာ ၇ ရက်မှစ၍ ပြန်လည်ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
 
 

 မဲလ်ဘုန်းလေဆိပ်သို့ ဆိုက်ရောက်လာသည့် ခရီးသည်များ အနေဖြင့် ဟိုတယ်တွင် အသွားအလာကန့်သတ်နေထိုင်ရန် သဘော တူညီမှသာလျှင် နိုင်ငံသို့ လာရောက်ခွင့်ပြုမည်ဖြစ်သည်။

 

သို့ရာတွင် ယခုအစီအစဉ်မှာ ပြည်ပရောက် ဩစတြေးလျနိုင်ငံသားများကို နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အဓိကရည်ရွယ်ထားပြီး တစ်နေ့လျှင် ၁၆၀ သာ ဝင်ခွင့်ပြုမည်ဖြစ်သည်။

 

ဗစ်တိုးရီးယားပြည်နယ်၌ ၂၁ ရက် ဆက်တိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိခဲ့ပြီးနောက် နိုင်ငံတကာ လေယာဉ်များကို ပြန်လည်ခွင့်ပြုရန် ပြင်ဆင်လာခြင်းဖြစ်သည်။

 

MDN

Read times
Rate this item
(0 votes)