Singapore Airlines အတွက် ဒေသတွင်း ခရီးစဉ်များကို ဆယ်စုနှစ် သုံးခုနီးပါး ပြေးဆွဲပေးနေတဲ့ SilkAir ကို လေကြောင်းလိုင်း တစ်ခုထဲ အဖြစ် operation များပို အဆင်ပြေစေရန်အတွက် ပူးပေါင်းရန် ပြင်ဆင်နေရာမှ ယနေ့ ဂဟေဆက် ပေါင်းထုပ်လိုက်ပါတယ်။
ခရီးသည်များအတွက် Star Alliance Carrier မဟုတ်သော SilkAir အနေဖြင့် တစ်ချို့သော ခံစားခွင့်များ မရသည့်အတွက် ရှုပ်ထွေးမှုများ
အနည်းငယ်ရှိနေတာကတော့ ကာလအတန်ကြာရှိနေပါတယ်။ SilkAir မှာ အာရှပစိဖိတ် ဒေသမှာ ခရီးစဉ် ၄၀ ကျော်ကို ပျံသန်းပေးနေခဲ့ပါတယ်။
၂၈ ဇန်နဝါရီ ၂၀၂၁ မှာ SilkAir နှင့် Singapore Airlines စတင်ပေါင်းစည်းမည်ဖြစ်ပြီး၊ တစ်ဖြည်းဖြည်းချင်း လေယာဉ် အရောင်ပြောင်းခြင်းများ၊ နှင့်
လေယာဉ်များပေါ်တွင် စင်္ကာပူလေကြောင်းမှ ဝန်ထမ်းများက စတင် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါတယ်။
Captain Win