Transportation

Air KBZ နှင့် MAI ပြည်တွင်းပြည်ပခရီးစဉ်အချို့ ဆက်လက်ပြေးဆွဲမည်

Air KBZ နှင့် MAI ပြည်တွင်းပြည်ပခရီးစဉ်အချို့ ဆက်လက်ပြေးဆွဲမည်

Air KBZ နှင့် MAI အနေဖြင့် ခရီးသွားလာရန်လိုအပ်ချက်များအတွက် ပြည်တွင်းခရီးစဉ်အချို့ကို ဆက်လက်ပြေးဆွဲပေးသွားမည်
ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် ရန်ကုန်မှတဆင့် နေပြည်တော်၊ ဟဲဟိုး၊ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို၊ စစ်တွေနှင့် ကျောက်ဖြူ ခရီးစဉ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါခရီးစဉ်များတွင် Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ Embraer E190 ဖြင့် ပြေးဆွဲမည့်ခရီးစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

Air KBZ ၏ အထူးစျေးနှုန်းများ----

ရန်ကုန်- စစ်တွေ ကျပ် ၄၀,၀၀၀ နေ့စဉ်
ရန်ကုန် - ကျောက်ဖြူ ကျပ် ၇၀,၀၀၀ တစ်ပတ်၂ကြိမ်
ရန်ကုန် - နေပြည်တော် ကျပ် ၇၀,၀၀၀ တစ်ပတ်၃ကြိမ်
ရန်ကုန်- ဟဲဟိုး ကျပ် ၄၉,၀၀၀ တစ်ပတ်၃ကြိမ်
ရန်ကုန်-မန္တလေး ကျပ် ၄၅,၀၀၀ အင်္ဂါနေ့တိုင်း
ရန်ကုန်-မြစ်ကြီးနား ကျပ် ၉၈,၀၀၀ အင်္ဂါနေ့တိုင်း
ရန်ကုန်- ပူတာအို ကျပ် ၁၁၃,၀၀၀ အင်္ဂါနေ့တိုင်း

MAI နှင့် Air KBZ ၏ ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းကြမည့် ခရီးသည်များအား တိုင်းနှင့်ပြည်နယ်အသီးသီး၏ သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပြန်ထားသည့် မဖြစ်မနေလိုက်နာရမည့် ညွှန်ကြားချက်များ နှင့် ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုထားပါသည်။

213510435_2140796816062166_7331365866139506716_n.jpg

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ---

စင်ကာပူနှင့် ကိုလ်ကတ္တား ခရီးစဉ်များ ပျံသန်းခြင်းအား ဇူလိုင် ၃၁ ရက်အထိ ရပ်ဆိုင်းထားမည်။
ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်။

Yangon_Seoul

Economy Class USD 584
Business Class USD 1,087
Travel dates August 3, 10, 17, 24, 31

Yangon-Kuala Lumpur
Economy Class USD 160
Business Class USD 400
Travel dates August 2, 4, 5, 9, 11, 12, 16, 18, 19, 23, 25, 26, 30

ထပ်မံတိုးချဲ့သည့် ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့်ရက်ကို ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့ ပြောင်းရွှေ့ခွင့်ပြုပေးမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ရက်အသစ်ကို Rebooking date ပြုလုပ်ခြင်းနှင့် Refund လျှောက်ထားခြင်းတို့အား ၂၀၂၁ခုနှစ် ၊ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားအကြောင်းကြားပေးရန် အသိပေးချက်ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြန်အမ်းငွေထုတ်ပေးခြင်း မရှိသည့် Non-refundable လက်မှတ်များအတွက် Travel Vocher အနေဖြင့် ပြန်အမ်းပေးမည်ဖြစ်ပြီး အဆိုပါ Travel Vocher အနေဖြင့် ၂၀၂၁ခုနှစ် နိုဝင်ဘာ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး အခြားသူများသို့ လွှဲပြောင်းခွင့်မရှိချေ။

Booking တင် ဝယ်ယူရန် လက်မှတ်များကို Air KBZ နှင့် MAI ၏ Sales & Ticketing Offices များနှင့် နီးစပ်ရာလက်မှတ်အရောင်းကိုယ်စားလှယ်များတွင်သာမက Website: www.maiair.com နှင့် www.airkbz.com တွင်လည်း ကိုယ်တိုင်ဝယ်ယူနိုင်ပါသည်။

ယခုကာလအတွင်း ခရီးသွားလာရာတွင် MOHS နှင့် ဒေသအာဏာပိုင်များမှ ချမှတ်ထားသည့် ဆောင်ရန်ရှောင်ရန် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုထားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ပျံသန်းနေသည့် ပြည်တွင်းနှင့် ပြည်ပကယ်ဆယ်ရေးခရီးစဉ်များတွင် Oxygen Concentrator ကဲ့သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ဆေးဝါးထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းရန် ပို့ဆောင်လိုပါက အခမဲ့သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အသေးစိတ် ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ။

အရေးပေါ်လိုအပ်နေသည့် ဆေးဝါးထောက်ပံ့ရေးပစ္စည်းများ MAI လေကြောင်း အခမဲ့သယ်ယူပို့ဆောင်ပေးသွားမည်။

 

Read times
Rate this item
(0 votes)