Transportation

ကွမ်တုန်းပြည်နယ်သို့ ဆိုက်ရောက်မည့် ပြည်ပလေကြောင်းလိုင်း (၂)လိုင်းကို ယာယီ ဆိုင်းငံ့ထား

ကွမ်တုန်းပြည်နယ်သို့ ဆိုက်ရောက်မည့် ပြည်ပလေကြောင်းလိုင်း (၂)လိုင်းကို ယာယီ ဆိုင်းငံ့ထားကြောင်း တရုတ်လေကြောင်း စီမံခန့်ခွဲရေးက ဩဂုတ်လ (၃၀)ရက်နေ့တွင် ထုတ် ပြန်ကြေညာခဲ့သည်။

၎င်းလေကြောင်းလိုင်း (၂)လိုင်းမှာ

Myanmar Airways International ၏ ရန်ကုန် - ကွမ်ကျိုး လေယာဉ်ခရီးစဉ်အမှတ် (8M711)နှင့်

Cebu Pacific Air ၏ ဖိလစ်ပိုင်-ကွမ်ကျိုး လေယာဉ်ခရီးစဉ်အမှတ် (5J308)တို့ဖြစ်ပါသည်။


Myanmar Airways International လိုင်းကို စက်တင်ဘာလ (၂၀)ရက်နေ့မှစ၍  ဆိုင်းငံ့မည် ဖြစ်ပါသည်။

ဩဂုတ်လ (၁၇)ရက်နေ့တွင် ရန်ကုန်မှ ပျံသန်းလာသည့် 8M711 လေယာဉ်ဖြင့် လိုက်ပါလာ သော ခရီးသည်(၈)ဦး၌ COVID-19 ရောဂါ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ပါသည်။

အလားတူပင် ၎င်းနေ့၌ပင် မနီလာမှ ပျံသန်းလာသည့် 5J308 လေယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည် (၇)ဦး၌လည်း COVID-19 ရောဂါ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ပါ သည်။


၎င်းလေယာဉ်ခရီးစဉ်များအတွက် အခြားလမ်းကြောင်းများဖြင့် အစားထိုးပေးခြင်း ကို CAAC က လက်မခံဘဲ ၎င်းနိုင်ငံများရှိ တရုတ်သံရုံးများ (သို့မဟုတ်) ကောင်စစ်ဝန်ချုပ်ရုံး များ၏ လိုအပ်ချက်များနှင့်အညီ ခရီးသည်များကို နှစ်သိမ့်ပေးခြင်း၊ လက်မှတ်ဖိုးငွေ ပြန်အမ်း ပေးခြင်းနှင့် နောက်ထပ် ဆက်လက်စီးနင်းရမည့် လေယာဉ်များကို ပြောင်းလဲပေးခြင်းကဲ့သို့ ဝန်ဆောင်မှုများကို ပြုလုပ်ပေးရန် တိုက်တွန်းထားသည်ဟု သတင်းရရှိပါသည်။

Read times
Rate this item
(0 votes)