ထိုင်းဆန် တရုတ်-လာအို ရထားလမ်းသစ်မှတစ်ဆင့် ပထမဆုံးအသုတ် စတင် တင်ပို့
တရုတ်-လာအို ရထားလမ်းသစ်ကို အသုံးပြုပြီး ထိုင်းဆန်များ တရုတ်နိုင်ငံ ချုံကင်းမြို့သို့ ပထမအသုတ် တန်ချိန် ၁,၀၀၀ ပေးပို့ခဲ့ပါသည်။
ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနက တရုတ်နိုင်ငံသို့ ထိုင်းပြည်ပို့ကုန်များ တင်ပို့သည့် လမ်းကြောင်းကဏ္ဍအသစ် စတင်ခြင်းဟု ပြောကြားသည်။
အခြားစိုက်ပျိုးရေး ထုတ်ကုန်များကိုလည်း ရထားလမ်းသစ်ကို အသုံးပြုပြီး တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဟု စိုက်ပျိုးရေးဝန်ကြီး၏ အကြံပေး Alongkorn Polabutr က ပြောကြားသည်။
ပထမအသုတ်ကို ရထားတွဲ ၂၀ ဖြင့် တင်ပို့ခဲ့ပြီး ချုံကင်းသို့ ရောက်ရှိသွားပြီဟု ၎င်းက ပြောကြားသည်။ တင်ပို့ရန်ကျန်ရှိသည့် ဆန်များကို ဆက်လက်တင်ပို့သွားမည်ဟု ၎င်းက ပြောကြားသည်။
ရထားလမ်းသစ်ကို ပြီးခဲ့သည့်လတွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံရှိ အခြားပြည်နယ်များသို့ တင်ပို့နိုင်မည် ဖြစ်သည်။ ထို့အပြင် အာရှအလယ်ပိုင်း၊ အာရှအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသ၊ ရုရှား၊ ဉရောပတို့ထံ တင်ပို့နိုင်မည်ဟု Alongkorn Polabutr က ပြောကြားသည်။
ထိုင်းအစိုးရက သစ်သီးများ၊ သစ်ခွပန်းများ၊ ရော်ဘာ၊ စားအုန်းဆီ၊ ပီလောပီနံ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ထုတ်ကုန်များကို ရထားလမ်းသစ်မှတစ်ဆင့် တင်ပို့နိုင်အောင် ဆောင်ရွက်သွားမညမဟု Alongkorn Polabutr က ပြောကြားသည်။
ထိုင်းမှ သစ်သီးများသည် ချုံကင်းသို့ ၂ ရက်အတွင်း ရောက်ရှိနိုင်သည်။ လတ်လတ်ဆတ်ဆတ်ဖြင့် ဈေးကွက်ထဲ ရောက်ရှိသဖြင့် ဈေးကွက်ကို ချဲ့ထွင်နိုင်စေမည်ဟု ၎င်းက ပြောကြားပါသည်။
bangkokpost.com
ျ