COSCO က လစာ အဆ ၃၀ ဆုကြေးပေး
ကွန်တိန်နာ တန်ဆာခများ မြင့်မားနေတဲ့အတွက် အာရှမှ သင်္ဘောလိုင်းများ အမြတ်ကြီးမားတဲ့အလျောက် ဝန်ထမ်းဆုကြေးကို ရက်ရက်ရောရော ပေးကြပါတယ်။
ပေ ၄၀ ကွန်တိန်နာ တစ်လုံး အာရှမှ အမေရိကန်သို့ သယ်ပို့ခ ပေါက်ဈေးက ပြီးခဲ့တဲ့နှစ်မှာ ကန်ဒေါ်လာ ၂၀,၀၀၀ အထိ ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နစ်အနည်းငယ်က ကန်ဒေါ်လာ ၂,၀၀၀ အောက်မှာ ရှိခဲ့ပါတယ်။
တရုတ်မှ နိုင်ငံပိုင်သင်္ဘောလိုင်းကြီး Cosco Shipping Holdings Co က ဝန်ထမ်းဆုကြေးကို လစာ အဆ၃၀ အထိ ပေးတယ်လို့ Caixin Global မှာ ဖော်ပြထားပါတယ်။
ဝန်ထမ်းများကုိ နှစ်ကုန်ဆုကြေးပေးအပ်တာမှာ အရောင်းဝန်ထမ်းများ၊ ဈေးကွက်ရှာဖွေရေးဝန်ထမ်းများလည်း ပါဝင်ပါတယ်။
တိုင်ဝမ်မှ ကွန်တိန်နာ သင်္ဘောလိုင်း Evergreen Marine Corp. ကလည်း အချို့ဝန်ထမ်းတွေကို ပေးတဲ့ နှစ်ကုန်ဆုကြေးက လစာ အဆ ၄၀ အထိ ရှိပါတယ်။ Myanmar Logistics Guide မှာ ဝန်ထမ်းများကို ဆုကြေး ၄၀ လခ Evergreen က ရက်ရက်ရောရော ချီးမြှင့် ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Cosco ရဲ့ ၂၀၂၁ ရဲ့ ၃လပတ် ပထမ သုံးခုအတွင်း ဝင်ငွေ ယခင်နှစ်ထက် ၁,၆၅၁% ပိုများခဲ့ပြီး ယွမ် ၆၇.၆ ဘီလျံ (၁၀.၇ ဘီလျံ) ရရှိခဲ့ပါတယ်။
Bloomberg