Transportation

PTT Plc နှင့် ထိုင်းလေကြောင်း ပူးပေါင်းပြီး ကုန်စည်ဝန်ဆောင်မှု လုပ်ကိုင်မည်

PTT Plc နှင့် ထိုင်းလေကြောင်း ပူးပေါင်းပြီး ကုန်စည်ဝန်ဆောင်မှု လုပ်ကိုင်မည်

 

ထိုင်းနိုင်ငံမှ နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့ ကုမ္ပဏီစုကြီး PTT Plc က အမျိုးသားလေကြောင်းလိုင်း Thai Airways International တို့ အတူပူပေါင်းပြီး ကုန်စည်ဝန်ဆောင်မှုများ ဖွံ့ဖြိုးရေး လုပ်ဆောင်ကြမည်ဖြစ်ပြီး အဆုံးစွန် ရည်မှန်းချက်မှာ ဒေသတွင်း လော့ဂျစ္စတစ်အချက်အချာ တစ်ခု ဖြစ်လာစေရေး ဖြစ်ပါတယ်။

 

လုပ်ငန်းနှစ်ခုက တစ်နှစ်အချိန်ယူပြီး လုပ်ငန်းနှစ်ခုမှာ ရှိနေတဲ့ ကျွမ်းကျင်မှုများ ပေါင်းစပ်ဖို့ စူးစမ်းလေ့လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းအသစ်တစ်ခု ဖော်ထုတ်လုပ်ကိုင်ဖို့ ဖြစ်နိုင်ပုံများကိုလည်း လေ့လာကြမှာ ဖြစ်ပါတယ်။

 

ယခုအခါ လေ့လာစူးစမ်းရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့ထားပြီး ကုမ္ပဏီနှစ်ခု စီးပွားရေးအစွမ်းအစ အလားအလာများကို စိစစ်ပြီး နရီစည်းချက်ညီ လုပ်ကိုင်ဖို့ နည်းလမ်းကို ရှာဖွေမှာ ဖြစ်ပါတယ်။

 

Thai Airways International ရဲ့ ယာယီအမှုဆောင်အရာရှိချုပ် Suvadhana Sibunruang နှင့် PTT ဥက္ကဋ္ဌ နှင့် စီအီးအို Auttapol Rerkpiboon တို့ မေလ ၁၃ ရက် သောကြာနေ့မှာ ပူး‌ေပါင်းလုပ်က်ုင်ဖို့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

 

ကုန်စည်ဝန်ဆောင်မှုများကို စက်မှုကဏ္ဍ နှင့် စိုက်ပျိုးရေးကဏ္ဍတို့ကို ကုန်စည်ဝန်ဆောင်မှုများ ပေးအပ်တဲ့ အတွေ့အကြုံများ ထိုင်းလေကြောင်းမှာ ရှိထားပြီး ဖြစ်ပါတယ်။ အထူးဂရုတစိုက် သယ်ဆောင်ရမယ့်  ကာကွယ်ဆေးနှင့် ဆေးဝါးများ  ပို့ဆောင်ပေးတဲ့ အတွေ့အကြုံများလည်း ရှိထားပါတယ်။ 

ကိုဗစ်လော့ဒေါင်းကာလမှာ  ခရီးသည်တင်လေယာဉ်များဖြင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများလည်း ထိုင်းလေကြောင်းမှာ ရှိထားပါတယ်။

 

လေကြောင်းကုန်စည် ပို့ဆောင်မှုများ ပိုများလာတဲ့အလျောက် သစ်သီးများ အပါအဝင် လေကြောင်းကုန်စည်များကို ၂၀၂၂ ခုနှစ်တွင် ခရီးစဉ် ၃၉ ခုကိုလည်းကောင်း၊ ဧပြီလတွင် ခရီးစဉ် ၈၇ ခုကိုလည်းကောင်း ပျံသန်းပို့ဆောင်ခဲ့ပါတယ်လို့ Thai Airways International ရဲ့ ယာယီအမှုဆောင်အရာရှိချုပ် Suvadhana Sibunruang က ပြောကြားပါတယ်။

ဧပြီလ ခရီးစဉ် ၈၇ ခုမှာ တရုတ်ပြည်သို့ ခရီးစဉ် ၇၈ ခု ပြေးဆွဲခဲ့ပြီး ကျန်သည့်ခရီးစဉ်များမှာ အိန္ဒိယနိုင်ငံသို့ ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

 

PTT ဥက္ကဋ္ဌ နှင့် စီအီးအို Auttapol Rerkpiboon က PTT မှာ ကုန်လမ်းပို့ဆောင်ရေးနှင့် သိုလှောင်ရုံ လုပ်ငန်း အတွေ့အကြုံများ ရှိထားကြောင်း ပြောကြားပါတယ်။

 

လန်ချာဘန် ရေနက်ဆိပ်ကမ်း တတိယအဆင့် ဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်ခွင့်ကို PTT ရရှိထားပါတယ်။ မက်တပွတ်ရေနက်ဆိပ်ကမ်း တတိယအဆင့် ဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်ခွင့်ကိုလည်း PTT ရရှိထားပါတယ်။ 

 

"သယ်ယူပို့ဆောင်ပုံ အမျိုးစုံ ပေါင်းစည်းပြီး ထိုင်းနိုင်ငံကို အရှေ့တောင်အာရှအတွက် လော့ဂျစ္စတစ်အချက်အချာ ဖြစ်အောင် လုပ်ချင်ပါတယ်" လို့ Mr Auttapol က ပြောကြားပါတယ်။

Read times
Rate this item
(0 votes)