Transportation

MAI မန္တလေး- ဘန်ကောက်ခရီးစဉ် ပျံသန်းပြေးဆွဲမည်

MAI မန္တလေး- ဘန်ကောက်ခရီးစဉ် ပျံသန်းပြေးဆွဲမည်

Myanmar Airways International (MAI) သည် ပြည်ပခရီးစဉ်များကို တိုးချဲ့ပြေးဆွဲလျက်ရှိရာ မန္တလေး- ဘန်ကောက်ခရီးစဉ်များကို အပတ်စဉ် အင်္ဂါ‌နေ့နှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ဇွန်လ ၄ ရက် စနေနေ့ တွင် စတင်မည်ဖြစ်ပါသည်။

MAI က ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို မေလ ၂၆ ရက်မှစ၍ တစ်ရက်လျှင် ၂ ကြိမ် ပြေးဆွဲမည် ဖြစ်ပြီး မေလ ၂၀ ရက်မှစ၍ တစ်ရက်လျှင် သုံးကြိမ် နေ့စဉ် ပျံသန်းမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားပါသည်။ 

ရန်ကုန်-တိုကျို ခရီးစဉ်ကို မေလ ၁၈ ရက်တွင် ပျံသန်းပြေးဆွဲမည် ဖြစ်ပါသည်။

ကယ်ဆယ်ရေးခရီးစဉ်အနေဖြင့် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ကို ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ တို့တွင် ပြေးဆွဲခဲ့ပြီး 

မေလ ၁၄ ရက် စနေနေ့နှင့် ၁၅ ရက် တနင်္ဂနွေနေ့တို့တွင် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

ရန်ကုန်- စင်ကာပူ ခရီးစဉ်များကို အပတ်စဉ် တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ ဗုဒ္ဓဟူနေ့း၊ စနေနေ့တို့တွင် ပျံသန်းပြေးဆွဲပါသည်။

အိန္ဒိယနိုင်ငံသို့ ခရီးစဉ်များအနေဖြင့် ရန်ကုန်-နယူးဒေလီ ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင်လည်းကောင်း ရန်ကုန်-ကိုလ်ကတ္တား ခရီးစဉ်များကို အပတ်စဉ် တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့များတွင်လည်းကောင်း ပြေးဆွဲလျက် ရှိပါသည်။

 

 

Read times
Rate this item
(1 Vote)