Transportation

အမေရိကန်မှာ မိုးပျံတက္ကဆီ ပြေးဆွဲရန် ခွင့်ပြုချက် ရရှိ

အမေရိကန်မှာ မိုးပျံတက္ကဆီ ပြေးဆွဲရန် ခွင့်ပြုချက် ရရှိ

မိုးပျံတက္ကဆီလုပ်ငန်းအတွက် လုပ်ကိုင်ခွင့်ကို ပြည်ထောင်စု မြို့ပြလေကြောင်း ဦးစီးဌာန Federal Aviation Administration (FAA) ထံမှ လိုအပ်သော လက်မှတ် ရရှိပြီဖြစ်ကြောင်း Joby Aviation Inc က ၂၀၂၂ မေလ ၂၆ ရက် ကြာသပတေးနေ့တွင် ပြောကြားသည်။

အမေရိကန်နိုင်ငံတွင် မိုးပျံတက္ကဆီ ပြေးဆွဲရန် အဓိကအားဖြင့် လက်မှတ် သုံးခု ရရှိထားဖို့ လြိအပ်သည့်အနက် လက်မှတ်တစ်ခုကို ရရှိလိုက်ခြင်းဖြစ်သည်။ 

ငါးယောက်စီးမိုးပျံတက္ကဆီ ပြေးဆွဲမည့် Joby သည် လေကြောင်းပို့ဆောင်ရေးယာဉ်လက်မှတ်ကို FAA ထံမှ ရရှိခြင်း ဖြစ်ပြီး Joby က လျှပ်စစ်ဖြင့်သာ မောင်းနှင်သည့် တက္ကဆီအတူစီး ဝန်ဆောင်မှုကို ၂၀၂၄ တွင် စတင်ရန် အစီအစဉ်ရေးဆွဲထားသည်။

ဤလက်မှတ်သည် Joby ကို လျှပ်စစ်သုံး ထောင်လိုက်တက်ဆင်းelectric vertical take-off and landing (eVTOL) ယာဉ်ပျံဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိစေသည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံတစ်လွှား မြို့များအကြား၊ ရပ်ကွက်များအကြား မိုးပျံတက္ကဆီ air taxi ဝန်ဆောင်မှုအတွက် eVTOL ယာဉ်ပျံဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်သည်။

#MyanmarLogisticsGuide

Read times
Rate this item
(1 Vote)