တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) ပထမအသုတ် ကွန်တိန်နာများ စတင်ရောက်ရှိ
တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) ကို မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ ကုန်ရထား ထွက်ခွာခြင်းဖြင့် စတင်ခဲ့ရာ ကုန်ရထားမှ ရထားတွဲများတွင် ကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာရာ စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ပါဝင်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။
ယခုအခါ အဆိုပါ တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) ရထားဖြင့်ပို့သော ကွန်တိန်နာများသည် လင်ချန်းအထိ ရထားဖြင့် သယ်ဆောင်လာပြီး လင်ချိန်းမှ မန္တလေးအထိကို ကွန်တိန်နာ ထရပ်ကားများဖြင့် ဆက်လက်ပို့ဆောင်ခြင်း ပြုသည်ဖြစ်ရာ ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကားများဖြင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။ စုစုပေါင်း ကွန်တိန်နာ အလုံး ၆၀ ကို ပို့ဆောင်လျက် ရှိရာ၌ မေ ၂၈ ရက်တွင် ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ပထမအသုတ်သည် မြန်မာနိုင်ငံအတွင်းသိုံ ဝင်ရောက်ခဲ့ပါသည်။ ပထမအသုတ်သည် မန္တလေးမြို့သို့ ဇွန်လ ၁၀ ရက် နောက်အကျဆုံးထားပြီး ဆိုက်ရောက်မည်ဟု သိရပါသည်။
#MyanmarLogisticsGuide
ဆက်စပ်ဖတ်ရှုရန် အပြာရောင်ခေါင်းစဉ်ကို ထိပါ
တရုတ်၊ မြန်မာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်