Transportation

Boeing ကုန်တင်လေယာဉ် အသစ် ၂ စီး CMA CGM လက်ခံရယူ

Boeing ကုန်တင်လေယာဉ် အသစ် ၂ စီး CMA CGM လက်ခံရယူ

အစမှ အဆုံးတိုင် သယ်ယူပို့ဆောင်ဝန်ဆောင်မှုများ ပေးအပ်နိုင်အောင် လုပ်ငန်းတိုးချဲ့နေသည့် ကွန်တိန်နာသင်္ဘောလိုင်းကြီး CMA CGM က Boeing ကုန်တင်လေယာဉ် အသစ်နှစ်စီး ပေးပို့လာသည်ကို လက်ခံရယူခဲ့ပါတယ်။ သမုဒ္ဒရာရေကြောင်း ပို့ဆောင်ရေးအပြင် လေကြောင်း ကုန်စည် ပို့ဆောင်ရေးကိုပါ တိုးချဲ့လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 

 

Boeing 777 အသစ်နှစ်စီးကို ၂၀၂၁ ဇန်နဝါရီလမှာ မှာကြားခဲ့ပါတယ်။ CMA CGM  လေကြောင်းကုန်စည်ပို့ဆောင်ရေး ဌာနခွဲအသစ် CMA CGM AIR CARGO ကိုလည်း ထူထောင်ခဲ့ပါတယ်။  လေကြောင်းကုန်စည်ကိုသာ စူးစိုက်လုပ်ကိုင်မယ့် ဌာနခွဲအသစ် ဖြစ်ပါတယ်။

Boeing 777 ကုန်တင်လေယာဉ် ၂ စီးထပ်တိုးသွားပြီ ဖြစ်လို့ ယခုအခါ CMA CGM AIR CARGO မှာ ကုန်တင်လေယာဉ် ၆ စီး ရှိသွားပြီ ဖြစ်ပါတယ်။

၂၀၂၆ မှာ Boeing နှင့်  Airbus ကုန်တင်လေယာဉ်များ စုစုပေါင်း ၁၂ စီးအထိ ထားရှိဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

 

လျာထားချက်ပြည့်မီဖို့  CMA CGM AIR CARGO က နောက်ထပ် Boeing 777 ၂ စီး မှာကြားထားပါတယ်။ ၂၀၂၄ မှာ လက်ခံရရှိပါမယ်။

 

Boeing 777 က ကမ္ဘာ့အကြီးမားဆုံး၊ ပျံသန်းနိုင်တဲ့ ခရီးတာ အဝေးဆုံး(၉,၂၀၀  ကီလိုမီတာ) အင်ဂျင်နှစ်လုံးတွဲ ကုန်တင်လေယာဉ် ဖြစ်ပါတယ်။ ကုန်တန်ချိန် ၁၀၇ တန်အထိ သယ်ဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)