Transportation

ဟောင်ကောင်မှ ရေပေါ်စားသောက်ဆိုင်ကြီး တိမ်းမှောက်နစ်မြှုပ်

ဟောင်ကောင်မှ ရေပေါ်စားသောက်ဆိုင်ကြီး တိမ်းမှောက်နစ်မြှုပ်

 

အပြီးအပိုင် ပိတ်သိမ်းလိုက်တဲ့ ရေပေါ် စားသောက်ဆိုင် Jumbo Floating Restaurant ကို ရွှေ့ပြောင်းထားရှိမယ်ံ နေရာသစ်ဆီသို့ ဟောင်ကောင်ရှိ ဆိပ်ခံမှ ဆွဲခေါ်သွားခဲ့ရာ တောင်တရုတ်ပင်လယ်ထဲမှာ ရာသီဥတု ဆိုးဝါးတာကြောင့် တိမ်းစောင်းသွားရာမှ စတင်နစ်မြှုပ်ခဲ့တာ ဖြစ်ပါတယ်။

ရေပေါ်စားသောက်ဆိုင်ကြီးရဲ့ မိခင်လုပ်ငန်း Aberdeen Restaurant Enterprises ပြောကြားခဲ့တာက ၇၆ မီတာ ရှည်လျားတဲ့ ရေပေါ်စားသောက်ဆိုင်ကြီးက Paracel Islands အနီးသို့ အရောက်မှာ လေထန်ပြီး လှိုင်းကြီးတဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရာမှ ရေပေါ်စားသောက်ဆိုင် တစ်စိတ်တစ်ပိုင်း နစ်မြှုပ်သွားစေခဲ့ပါတယ်။

6Th floor 2

တွန်း/ဆွဲ ရေယာဉ်တို့က ရေပေါ်စားသောက်ဆိုင်ကြီးကို ပြန်တည့်မတ်တည်ငြိမ်စေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အချည်းနှီး ဖြစ်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှာ အ‌ခြေအနေ ပိုဆိုးသွားပြီး အပြည့်အဝ တိမ်းစောင်းကာ တိမ်းမှောက်သွားခဲ့ပါတယ်။

ရေယာဉ်ဝန်ထမ်းတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါ။

နစ်မြှုပ်သည့်နေရာတွင် ပင်လယ်ရေအနက် မီတာ ၁,၀၀၀ ကျော်တဲ့အတွက်ကြောင့် ရေပေါ်စားသောက်ဆိုင်ကြီးကို ပြန်လည်ဆယ်ယူဖို့ အလွန်အမင်း ခက်ခဲပါလိမ့်မယ်လို့ ဆိုပါတယ်။ 

Aberdeen Restaurant Enterprises  က ထုတ်ပြန်တဲ့ ကြေညာချက်တွင် မမျှော်လင့်ထားသော မတော်တဆမှုကြောင့် စိတ်မကောင်းဖြစ်ရပြီး လောလောဆယ်တွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို တွန်း/ဆွဲ ရေယာဉ်များ လုပ်ကိုင်သည့် သင်္ဘောကုမ္ပဏီထံမှ ထပ်မံ‌ေတာင်းခံထားကြောင်း ဖော်ပြထားပါတယ်။

ရေပေါ် စားသောက်ဆိုင် Jumbo Floating Restaurant ကို နေရာရွှေ့ပြောင်းဖို့ စီစဉ်ခဲ့ရာမှာ ကျွမ်းကျင်သော ရေကြောင်းအင်ဂျင်နီယာများကို ငှားရမ်းပြီး Jumbo Floating Restaurant ရဲ့ သင်္ဘောကိုယ်ထည်ကို အလုံးစုံ စစ်ဆေးမှု ခံယူခဲ့ကြောင်း၊ ရေပေါ်စားသောက်ဆိုင်၏ ခရီးစဉ်အတွက်  လိုအပ်သော အတည်ပြု ခွင့်ပြုချက် စာရွက်စာတမ်းများ အားလုံးကိုလည်း ရယူခဲ့ကြောင်းစားသောက်ဆိုင်လုပ်ငန်းစုမှ ပြောကြာ ပါတယ်။

#MyanmarLogisticsGuide 

 

ယခင် ဖော်ပြချက် ဖတ်ရှုရန်

ဟောင်ကောင်မှ ၄၆ နှစ်သက်တမ်းရှိ နာမည်ကြီးရေပေါ်စားသောက်ဆိုင် ရပ်ဆိုင်းပြီဖြစ်သဖြင့် နေရာရွှေ့ပြောင်း

 

 

MLG

 

Read times
Rate this item
(0 votes)