Transportation

ပျံသန်းခြင်းနှင့် လေကြောင်းအခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်နေတဲ့ MAF of Canada

ပျံသန်းခြင်းနှင့် လေကြောင်းအခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်နေတဲ့ MAF of Canada mafc.org

MAF of Canada က မြန်မာနိုင်ငံကို ပျံသန်းဖို့ ပြင်ဆင်နေတယ်လို့ MAF Website တွင် ထုတ်ဖော်ကြေညာလိုက်ပါတယ်။

 

MAF Myanmar သည် လက်ရှိတွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး MAF ပျံသန်းမှုလုပ်ငန်းစတင်ရန် လိုအပ်သောခွင့်ပြုချက်များနှင့် ဆက်ဆံရေးများကို ပြီးမြောက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။

 

MAF Myanmar သည် အထိကအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ လေယာဉ်လိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ အဆောက်အဦးများနှင့် ဝေးလံသောဒေသများရှိ လေယာဉ်ကွင်းများ ထိန်းသိမ်းခြင်းဆောင်ရွက်ပေးခြင်းတို့ကို မြို့ပြလေကြောင်းလိုင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

နိုင်ငံနေရာအနှံ့အပြားအရှိ ဝေးလံသောဒေသများ ဖွံ့ဖြိုးတိုးတက်စေမှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်နိုင်ရေး၊ လိုအပ်သည့် ဆေးဘက်ဆိုင်ရာလိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံအနှံ့ လေယာဉ်ကွင်းများ၏ နေရာများနှင့် တည်နေရာများကို နိုင်ငံ၏ နေရာအနှံ့အပြားတွင် MAF Myanmar မှ ဖော်ထုတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 YD Advertise with us 2

(လိုင်လင်းပီ လေယာဉ်ကွင်းကို အင်္ဂလန်နိုင်ငံ Mission Aviation Fellowship-MAF (International) ၏ အကူအညီဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းအကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

 

လိုင်လင်းမြို့သည် ချင်းပြည်နယ်တောင်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ်တွင်တည်ရှိပြီး လေယာဉ်ကွင်းငယ် တည်ဆောက်ပြီးစီပါက သွားလာဆက်သွယ်ရေ အဆင်ပြေလာမည့်အတွက် ပြည်တွင်းပြည်ပ ခရီးသွားများ ၊ နယ်စပ်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း လိုင်လင်းပီမြို့ ဒေသခံဦးလှရွှေက ပြောသည်။)

 

Written By Myanmar Logistic Guide

Ref: mafc.org

Read times
Rate this item
(1 Vote)