Transportation

LNG သင်္ဘောများ တည်ဆောက်ရန် ဒေါ်လာ ၂.၅၇ ဘီလျံအမှာစာ Samsung သင်္ဘောကျင်း ရရှိ

LNG သင်္ဘောများ တည်ဆောက်ရန် ဒေါ်လာ ၂.၅၇ ဘီလျံအမှာစာ Samsung သင်္ဘောကျင်း ရရှိ

 

တောင်ကိုရီးယားမှ သင်္ဘောတည်ဆောက်သည့်လုပ်ငန်း Samsung Heavy Industries က အမှာစာ တစ်စောင်တည်းဖြင့် အမေရိကန်ဒေါ်လာ ၂.၅၇  ဘီလျံ ရရှိသည့် စံချိန်သစ်ကို ကုမ္ပဏီသမိုင်းကြောင်းတွင် မှတ်တိုင်စိုက်ထူလိုက်သည်။

LNG ပို့ဆောင်သည့် သင်္ဘော ၁၄ စီး တည်ဆောက်ပေးရန် အမှာစာတစ်စောင်လက်ခံရရှိခဲ့ပြီး အမှာစာ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံ ဖြစ်သည်။

မည်သည့်လုပ်ငန်းက မှာကြားသည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ကာတာနိုင်ငံတွင် နိုင်ငံပိုင်လုပ်ငန်း QatarEnergy က စတင် အကောင်အထည်ဖော်နေပြီဖြစ်သည့် ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့သိုက် စီမံကိန်းအတွက် ဖြစ်မည်ဟု ခန့်မှန်းရပါသည်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

ကာတာမှ ကမ္ဘာ့အကြီးမားဆုံး LNG စီမံကိန်း

 6Th floor 2

အဆိုပါ LNG သင်္ဘောများကို ၂၀၂၄ နှင့် ၂၀၂၆ တို့တွင် တည်ဆောက်မှု ပြီးစီးပြီး လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည်။

LNG သင်္ဘောအရွယ်အစားမှာ LNG ၁၇၄,၀၀၀ ကုဗမီတာ တင်ဆောင်နိုင်သည့် အရွယ်အစား ဖြစ်သည်။ တစ်စီးလျှင် အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၈ သန်း ကုန်ကျသည်။ 

 

Annotation_2022-06-27_134726.jpg

 

Samsung Heavy Industries သည် နောက်ထပ် LNG သင်္ဘော ၂ စီးအတွက် အမှာစာကိုလည်း လက်ခံရရှိထားသည်။ အာဖရိကမှ သင်္ဘောလိုင်း တစ်ခုက မှာကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၄ နှစ်ကုန်တွင် တည်ဆောက်မှု ပြီးစီးပြီး လွှဲပြောင်းပအပ်ရမည် ဖြစ်သည်။ တန်ဖိုးမှာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၂၁၂ သန်း ဖြစ်သည်။

 

Samsung Heavy Industries ၏ ယခင် အမှာစာတန်ဖိုး စံချိန်ဟောင်းမှာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံဖြစ်ပြီး ကွန်တိန်နာသင်္ဘော အစီး ၂၀ တည်ဆောက်ပေးရန် မှာကြားခြင်း ဖြစ်ပါသည်။

 

Samsung Heavy Industries အနေဖြင့် တောင်ကိုရီးယားတွင် လုပ်ငန်းတူ ပြိုင်ဘက်များမှာ 

 Hyundai Heavy Industries နှင့် Daewoo Shipbuilding & Marine Engineering တို့ဖြစ်သည်။

 ကိုရီးယားမှ သင်္ဘောတည်ဆောက်သည့် သင်္ဘောကျင်း လုပ်ငန်းများသည် တရုတ်နိုင်ငံမှ သင်္ဘောတည်ဆောက်သည့် သင်္ဘောကျင်း လုပ်ငန်းများကို ယှဉ်ပြိုင်နေကြရသည်။

 ယခုအခါ LNG သင်္ဘောအမ‌ှာစာများကို ရရှိထားကြသဖြင့် လုပ်ငန်းဆက်လက်ရပ်တည်ရေးအတွက် အသက်ရှူ ချောင်သွားစေသည်။

 ယခုနှစ်အတွင်း LNG သင်္ဘော မှာကြားမှု စုစုပေါင်း ၄၈ စီးရရှိထားပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ဖြစ်သည်။ ပျမ်းမျှအားဖြင့် LNG သင်္ဘောတစ်စီးလျှင် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော် ရရှိသည်။

Daewoo Shipbuilding & Marine Engineering ၏ Okpo Shipyard က LNG သင်္ဘော ၄ စီးကို ဇွန်လဆန်းတွင် အမှာစာ ရရှိခဲ့ပြီး တစ်စီးစီအတွက် အမေရိကန်ဒေါ်လာ ၂၁၂ သန်း ရရှိသည်။

 Hyundai Heavy Industries ကလည်း LNG သင်္ဘော ၂ စီး အမှာစာ ရရှိထားသည်။

 

 Samsung Heavy Industries သည် ယခုနှစ်အတွင်း သင်္ဘော ၃၃ စီးအတွက် အမှာစာများ ရရှိထားပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၃ ဘီလျံ ဖြစ်ပါသည်။

#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U/334

https://t.me/Guid4U

 

Read times
Rate this item
(0 votes)