Transportation

ကန်ဒေါ်လာ (၈.၉) ဘီလီယံ ကုန်ကျမည့် မူဆယ်-မန္တလေးမီရထားလမ်းစီမံကိန်း ပြန်လည်စတင်ရန် စီစဉ်

ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၈.၉) ဘီလီယံပမာဏရှိတဲ့ မူဆယ်-မန္တလေးရထားလမ်းသစ်စီမံကိန်းကို ပြန်လည်စတင်ဖို့ မြန်မာဘက်ခြမ်းရဲ့ အဓိကဦးစီးဆောင်ရွက်သူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

စီမံကိန်းအတွင်း တံတား (၁၂၄) စင်းနဲ့ ဥမင်အရေအတွက် (၆၀) ဝန်းကျင် ပါဝင်နေပြီး ဆောက်လုပ်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုထားကြောင်း GNLM က ဖော်ပြရေးသားပါတယ်။

မူဆယ်-မန္တလေးမီရထားလမ်း ဖောက်လုပ်ဖို့ မြေပြင်တိုင်းတာမှုလုပ်ငန်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနဲ့ တရုတ်အခြေစိုက် China Railway Eryuan Engineering Group (CREEG) တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားပါတယ်။

MOU အတွင်း ရထားလမ်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေကို (၂) နှစ်အတွင်း လေ့လာကြဖို့ သဘောတူခဲ့ကြပြီး (၁) နှစ်အတွင်း ပြီးစီးနိုင်မယ်လို့လည်း ခန့်မှန်းမှုရှိခဲ့ပါတယ်။

BCG 2

စီမံကိန်းအတွင်း ၄၀၉.၉၆ ကီလိုမီတာ ရှည်လျားတဲ့ လျှပ်စစ်ရထားလမ်းဖောက်လုပ်ခြင်းနဲ့ ဓာတ်အားပေးစက်ရုံခွဲ (၁၁) ရုံ တည်ဆောက်ခြင်းတို့ ပါဝင်ပြီး ဆက်စပ်ဓာတ်အားလိုင်းများလည်း ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်မှာ ရထားလမ်းစီမံကိန်းအတွက် မြေယာစစ်တမ်းကောက်ယူမှု ပြီးစီးခဲ့ပြီး ၂၀၂၀ ဇန်နဝါရီလမှာ လာရောက်ခဲ့တဲ့ တရုတ်သမ္မတရှီကျင်ဖျင့်ရဲ့ ခရီးစဉ်အတွင်း မြန်မာ့မီးရထားနဲ့ CREEG တို့က ရထားလမ်းဖြစ်နိုင်ချေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးခြင်းစာလွှာကို လဲလှယ်ခဲ့ကြပါတယ်။

စီမံကိန်းကို Master Plan ရေးဆွဲကာ နိုင်ငံတကာတင်ဒါများ ခေါ်ယူပြီးအစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်ဖို့ စီစဉ်ထားကာ ရထားလမ်းက မန္တလေး-မူဆယ်လမ်းကြောင်းတစ်လျောက်ရှိ မြို့ပေါင်း (၁၁) မြို့ကို ဖြတ်သန်းသွားမှာလည်း ဖြစ်ပါတယ်။

မူဆယ်-မန္တလေးရထားလမ်းက တရုတ်-မြန်မာကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန်ရဲ့ အစိတ်အပိုင်းလည်းဖြစ်ကာ ကူမင်း-ကျောက်ဖြူရထားလမ်းဖော်ဆောင်ခြင်းရဲ့ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။

ရထားလမ်းစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်နဲ့ ပတ်သက်တဲ့ မှတ်ချက်များကို ယခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ နောက်ဆုံးထားကာ This email address is being protected from spambots. You need JavaScript enabled to view it. ကို ပေးပို့နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

BETV Business

Read times
Rate this item
(0 votes)