Transportation

စင်ကာပူဆိပ်ကမ်းမှာ LNG ဖြည့်တင်းရေး သဘောတူစာချုပ် Shell နှင့် CMA CGM လက်မှတ်ရေးထိုး

စင်ကာပူဆိပ်ကမ်းမှာ LNG  ဖြည့်တင်းရေး သဘောတူစာချုပ်  Shell နှင့် CMA CGM လက်မှတ်ရေးထိုး

 

စင်ကာပူဆိပ်ကမ်းသို့ ရောက်ရှိလာတဲ့ CMA CGM သင်္ဘောတွေကို  Shell က LNG လောင်စာ ဖြည့်တင်းပေးဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နှစ်ကာလရှည်ကြာ သက်တမ်းရှိတဲ့ သဘောတူစာချုပ် ဖြစ်ပါတယ်။

 ကွန်တိန်နာသင်္ဘောလိုင်း CMA CGM က LNG လောင်စာသုံး ကွန်တိန်နာသင်္ဘောများ အတွက် စင်ကာပူဆိပ်ကမ်းမှာ LNG ကို ဘန်ကာရယူဖို့ ကြိုကြိုတင်တင် စီစဉ်ထားတာ ဖြစ်ပါတယ်။

 LNG ဘန်ကာကို စင်ကာပူမှ Shell ဌာနေလုပ်ငန်းခွဲနှင့် Keppel Offshore & Marine (Keppel O&M) တို့ ပူးပေါင်းထူထောင်တဲ့ ဖက်စပ်လုပ်ငန်း  FueLNG က ဝန်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။

 FueLNG က စင်ကာပူရဲ့ ပထမဆုံး LNG ဘန်ကာသင်္ဘော FueLNG Bellina ဖြင့် ဘန်ကာဝန်ဆောင်မှုကို ၂၀၂၃ ဒုတိယနှစ်ဝက်မှာ စတင်မှာ ဖြစ်ပါတယ်။ ၂၀၂၃ မှာ နောက်ထပ် ဘန်ကာသင်္ဘောတစ်စီး ထပ်တိုးဖို့လည်း အစီအစဉ် ရှိပါတယ်။ ဆိပ်ကမ်းမှ သင်္ဘောကို LNG ဘန်ကာပေးခြင်းအစား သင်္ဘောမှ သင်္ဘောသို့ ဘန်ကာပေးမှာ ဖြစ်ပါတယ်။ 

 ကွန်တိန်နာသင်္ဘောက ဆိပ်ကမ်းကပ်ပြီး ကုန်တကင်ကုန်ချပြုနေစဉ် LNG ကို ဘန်ကာပေးမှာ ဖြစ်လို့ ဘန်ကာယူဖို့ အချိန်သပ်သပ် ထပ်ပေးစရာ မလိုအပ်တော့ပေ။ 

CMA CGM က ပုံမှန်လောင်စာဆီနှင့် LNG နှစ်မျိုးသုံးနိုင်တဲ့ အင်ဂျင် တပ်ဆင်ထားတဲ့ သင်္ဘောများအတွက် ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၇ ကတည်းက စတင်ခဲ့ပါတယ်။ က ပုံမှန်လောင်စာဆီနှင့် LNG နှစ်မျိုးသုံး သင်္ဘောအများဆုံး သုံးစွဲတဲ့ ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်လာဖို့ အကောင်အထည်ဖော်နေပါတယ်။ မကြာသေးခင်က LNG ဖြင့် ‌ခုတ်မောင်းတဲ့ ကွန်တိန်နာသင်္ဘော အသစ် ၁၀ စီး မှာကြားခဲ့ပါတယ်။ 

CMA CGM က မက်သ‌နောဖြင့် ခုတ်မောင်းတဲ့ ကွန်တိန်နာသင်္ဘောအသစ် ၆ စီးကိုလည်း မှာကြားထားပါတယ်။

လေ‌ာလောဆယ်မှာ CMA CGM က သင်္ဘောအသစ် တည်ဆောက်ဖို့ အမှာစာပေးထားတာ ၆၉ စီးရှိနေပြီ ဖြစ်ပါတယ်။

#MyanmarLogisticsGuide

Telegram Channel

https://t.me/Guid4U

 


 

Read times
Rate this item
(0 votes)