Airbus ဂျက်လေယာဉ် အစီး ၃၀၀ တရုတ်နိုင်ငံပိုင် လေကြောင်းလိုင်းများ မှာကြား
တရုတ်နိုင်ငံ၏ "ကြီး၃ကြီး" နိုင်ငံပိုင်လေကြောင်းလိုင်းများသည် Airbus ဂျက်လေယာဉ် ၃၀၀ နီးပါးကို ဝယ်ယူရန် သောကြာနေ့ (ဇူလိုင် ၁ ရက်)တွင် ကတိပြုခဲ့ပြီး ယင်းသည် COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားပြီးနောက် တရုတ်လေကြောင်းလိုင်းများ၏ ဂျက်လေယာဉ် အရေအတွက်အများဆုံး အမှာစာဖြစ်ပါသည်။
ဥရောပမှ Airbus ၏ အမေရိကန်မှ ပြိုင်ဘက် Boeing ကို တရုတ်နိုင်ငံက အမေရိကန်လုပ်ငန်း ဖြစ်နေသဖြင့် တစ်စိတ်တစ်ပိုင်း ကျောခိုင်းထားသဖြင့် ဥရောပအတွက် ဥရောပမှ Airbus က အားကျစရာ ရောင်းအားကို ရရှိသွားသည်ဟု ဆိုရမည်။
"ကြီး၃ကြီး" နိုင်ငံပိုင်လေကြောင်းလိုင်းများ ဖြစ်ကြသော Air China က Airbus A320neo-family ဂျက်လေယာဉ် ၉၆ စီး၊ China Southern Airlines ကလည်း Airbus A320neo-family ဂျက်လေယာဉ် ၉၆ စီး ဝယ်ယူမည်ဖြစ်ရာ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၂၄.၄ ဘီလံယီ ရှိသည်။
China Eastern Airlines ကလည်း Airbus A320neo-family ဂျက်လေယာဉ်များ အစီး ၁၀၀ ဝယ်ယူမည် ဖြစ်ပြီး စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၁၂.၈ ဘီလျံ ရှိသည်။
ဖော်ပြပါတန်ဖိုးများမှာ အရောင်းစာရင်းတွင် ဖော်ပြထားသည့် တန်ဖိုးများ ဖြစ်ပြီး စီးရေများပါက Airbus ထံမှ အထူးလျှော့ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
ပုံမှန်အားဖြင့် တစ်နှစ်တာ Airbus နှင့် Boeing ရောင်းရစီးရေ စုစုပေါင်း၏ လေးပုံတစ်ပုံကို တရုတ်နိုင်ငံက ဝယ်ယူလေ့ ရှိသည်။ COVID-19 ကပ်ဘေးကြောင့် လေကြောင်းလိုင်းများ အခြေအနေ မကောင်းခြင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး တင်းမာမှု ရှိနေခြင်းတို့ကြောင့် တရုတ်နိုင်ငံက လေယာဉ်ပျံ အဝယ်နည်းပါးနေခဲ့သည်။
ပုံမှန်အားဖြင့် တရုတ်နိုင်ငံသည် Airbus နှင့် Boeing တို့ကို စီးရေ ဆတူနီးပါးဖြင့် ဝယ်ယူလေ့ ရှိခဲ့ရာမှာ ယခု Airbus အပေါ် ပုံအောလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယခုနှစ်တွင် ယခင်လို ဆတူ မဖြစ်တော့ဘဲ Airbus ၄၇ စီး Boeing ၁ စီး အချိုးအစား ဖြစ်နေသည်။ လေယာဉ်များ ဝယ်ယူရန် တရုတ်အစိုးရထံမှ အတည်ပြု ခွင့်ပြုချက် ရယူဖို့ လိုအပ်ပါသည်။
"တရုတ်နိုင်ငံ၏ လေကြောင်းလုပ်ငန်းကဏ္ဍနှင့် နှစ်ပေါင်း ၅၀ ကြာ ဆက်ဆံရေးရှိသည့် အမေရိကန် ထိပ်တန်း တင်ပို့သူ အနေဖြင့် ပထဝီဝင် နိုင်ငံရေး ကွဲပြားမှုများက အမေရိကန် လေယာဉ် တင်ပို့မှုကို ဆက်လက် ဟန့်တားနေခြင်းကြောင့် စိတ်ပျက်စရာ ဖြစ်ပါသည်" ဟု Boeing က အီးမေးလ်ဖြင့် ဖြန့်ဝေသော ကြေညာချက်တွင် ဖော်ပြထားသည်။
Boeing ၏ လေယာဉ် အသစ် 737 MAX များ ရုတ်တရက် ပျက်ကျမှုများ ဖြစ်ပွားသဖြင့် တစ်ကမ္ဘာလုံးတွင် 737 MAX များ ရပ်နားထားခဲ့ရာမှ ပြန်လည်ခွင့်ပြုခဲ့ရာတွင် အခြားနိုင်ငံများနည်းတူ တရုတ်နိုင်ငံကလည်း ပြန်လည် ခွင့်ပြုခဲ့ပြီး ဖြစ်သော်လည်း တရုတ်နိုင်ငံတွင် ပျံသန်းပြေးဆွဲခြင်း မစတင်သေးချေ။
မှာကြားထားသည့် လေယာဉ်များကို ၂၀၂၃ မှ ၂၀၂၇ အတွင်း ပေးအပ်မည်ဖြစ်ပြီး ၂၀၂၄ မှ စ၍ အမြောက်အမြား ပေးအပ်သွားရန် အစီအစဉ် ရေးဆွဲထားသည်။
#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U