Transportation

ထိပ်တန်း လေကြောင်းကုန်စည်ပို့ဆောင်ရေး ၂၅ ခုတွင် K+N ထိပ်ဆုံးရောက်ရှိ

ထိပ်တန်း လေကြောင်းကုန်စည်ပို့ဆောင်ရေး ၂၅ ခုတွင် K+N ထိပ်ဆုံးရောက်ရှိ

 ၂၀၂၁ တစ်နှစ်တာမှာ  လေကြောင်းကုန်စည်ပို့ဆောင်သူများ ဝင်ငွေ၊ အမြတ်များနှင့် ပမာဏစံချိန်အသစ်များ ရရှိခဲ့ကြပါတယ်။

ထိပ်ဆုံးနေရာမှ DHL  ကို ဖယ်ရှားပြီး Kuehne+Nagel  က ရယူခဲ့ပါတယ်။ 

 

289265712_5278887962149420_6992335191880955462_n.jpg

အတိုင်ပင်ခံလုပ်ငန်း Armstrong & Associates  မှ ထုတ်ပြန်တဲ့ တစ်နှစ်တာ စာရင်းအင်း အချက်အလက်များအရ  ၂၀၂၁ မှာ   Kuehne+Nagel (K+N)ပို့ဆောင်ပေးတဲ့ ပမာဏအရ  ကမ္ဘာ့အကြီးမားဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပါတယ်။ K+N က ၂၀၂၁ မှာ စုစုပေါင်း တန်ချိန် ၂.၂ သန်း ပို့ဆောင်ပေးခဲ့ပါတယ်။ 

ယခုလို ကမ္ဘာ့အကြီးမားဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအဖြစ်သို့  K+N  ရောက်ရှိခဲ့စေတဲ့ အကြောင်းတစ်ချက်က Apex Logistics ကို K+N က ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ Apex Logistics ကို K+N  မှာ ပေါင်းထည့်လိုက်တဲ့အတွက် K+N က  ၅၀% ဝန်းကျင် ပိုကြီးထွားသွားပါတယ်။ Apex Logistics  က တစ်နှစ်လျှင် လေကြောင်းကုန်စည် တန်ချိန် ၇၅၀,၀၀၀ ကိုင်တွယ်ပါတယ်။ 

လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ထိပ်တန်း ၂၅ ခု ၂၀၂၁ မှာ ပို့ဆောင်ခဲ့တဲ့ လေကြောင်းကုန်စည်ပမာဏ ၂၀၂၀ ထက် ၁၉.၂%  ပိုများခဲ့ပါတယ်။  စုစုပေါင်းတန်ချိန် ၁၈.၁ သန်း ပို့ဆောင်ခဲ့ပါတယ်။ 

#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)