Transportation

ယူအေအီး ဘတ်ဂျက် flydubai သီရိလင်္ကာသို့ ပျံသန်းမှုများ ရပ်ဆိုင်းထား

ယူအေအီး ဘတ်ဂျက်  flydubai  သီရိလင်္ကာသို့  ပျံသန်းမှုများ ရပ်ဆိုင်းထား

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) လေကြောင်းလိုင်း flydubai သည် သီရိလင်္ကာရှိ ကိုလံဘိုမြို့တော်သို့ ပျံသန်းမှုများကို ဆိုင်းငံ့ထားကြောင်း ဘတ်ဂျက်လေကြောင်းလိုင်း flydubai ၏ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

 

"သီရိလင်္ကာ လက်ရှိမြေပြင်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားမယ်။ ဒီလေကြောင်းခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားတဲ့ ခရီးသည်တွေကို ဆက်သွယ်ပြီး ပြန်အမ်းငွေပေးမှာပါ" ဟု ပြောရေးဆိုခွင့်ရှိသူက Reuters သို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

 telegram1

 

ယူအေအီး မြို့တော် Abu Dhabi မှ နောက်ထပ် လေကြောင်းလိုင်း တစ်ခု ဖြစ်တဲ့   Etihad Airways က ကိုလံဘို ခရီးစဉ်များ ဆက်လက်ပျံငသန်းပေးလျက် ရှိပါတယ်။ 

ကိုလံဘိုမှ အပြန်ခရီးစဉ်မှာတာ့ Abu Dhabi သို့ တိုက်ရိုက် ပျံသန်းနိုင်မှာ မဟုတ်ဘဲ  အိန္ဒိယ၏ Cochin အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးတစ်ထောက် ဝင်ရောက်ပြီး လေယာဉ်ဆီ ဖြည့်တင်းတဲ့ အစီအစဉ်ကို ဇူလိုင်လ ၁၄ ရက် စတင်မှာဖြစ်ကြောင်း အသိပေး ကြေညာထားပါတယ်။

Etihad သည် သီရိလင်္ကာရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲဖြစ်ကြောင်း လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

#MyanmarLogisticsGuide

Telegram Channel
https://t.me/Guid4U

Source: reuters

Read times
Rate this item
(0 votes)