Transportation

တရုတ်နှင့် မြန်နှုန်းမြင့် ရထားလမ်း ချိတ်ဆက်မှု ၂၀၂၈ မှာ ပြီးစီးရန် ထိုင်း ရည်မှန်း

တရုတ်နှင့် မြန်နှုန်းမြင့် ရထားလမ်း ချိတ်ဆက်မှု  ၂၀၂၈ မှာ ပြီးစီးရန် ထိုင်း ရည်မှန်း

 

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် မြန်နှုန်းမြင့် ရထားလမ်း ချိတ်ဆက်မှု  ၂၀၂၈မှာ အပြီးသတ်ရန်  ရည်မှန်းချက် ချမှတ်ထားပါတယ်။ 

 

ခြောက်နှစ်အတွင်း လာအိုကို ဖြတ်သန်း၍ တရုတ်နိုင်ငံနှင့် ချိတ်ဆက်ထားသော အမြန်ရထားလမ်းကို ပြီးစီးရန် ကာလကြာရှည် ကြန့်ကြာနေခဲ့ရာမှ ထိုင်းနိုင်ငံက  ၂၀၂၈မှာ အပြီးသတ်မယ်လို့ မကြာသေးမီက ကတိကဝတ်ပြုလိုက်တာဟာ  ကတိကဝတ်နှင့်အညီ ကန်ဒေါ်လာ ၁၂ ဘီလီယံ မီဂါစီမံကိန်း ထမြောက်အောင်မြင်မှာလားဟူသော သံသယများ မြင့်တက်လာနေပါတယ်။ 

 RangeRover.jpg

 

ပြီးခဲ့တဲ့ ၁၀ နှစ်က ထိုင်းနိုင်ငံရဲ့ လမ်းပိုင်းကို တရုတ်နှင်အတူ အစီအစဉ် စတင်ခဲ့ပါတယ်။ 

ရည်မှန်းထားတာက လာအိုနိုင်ငံမှ ၄၁၄ ကီလိုမီတာ ရှည်တဲ့ လမ်းပိုင်းနှင့် အတူတူ ပြီးစီးဖို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှ လာအိုနယ်စပ် နွမ်ခိုင်အထိ ၆၀၉ ကီလိုမီတာ ရှည်လျားတဲ့ ရထားလမ်းကို ဖောက်လုပ်ပြီးစီးတာ ၅% သာ ရှိသေးသော်လည်း ပို့ဆောင်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ၂၀၂၈ တွင် ပြီးစီးမယ်လို့  ဇူလိုင် ၆ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

 

နွမ်ခိုင်နှင့် လာအိုမြို့တော် ဗီယက်ကျန်းတို့က မဲခေါင်မြစ် တစ်ဖက်တစ်ချက်မှာ တည်ရှိပါတယ်။

အမြန်ဆုံးအမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၂၅၀ ဖြင့် ပြေးသည့် ရထားဖြင့် ဘန်ကောက်-နွမ်ခိုင် ပြေးဆွဲမှာ ဖြစ်ပါတယ်။ 

 

thai_lao_china_spore.jpg

 

စီမံကိန်းက တရုတ်အစိုးရရဲ့ ရေရှည်စီမံကိန်းဖြစ်တဲ့ ယူနန်မှ စင်ကာပူဆိပ်ကမ်းအထိ ဆက်သွယ်မယ့် ရထားလမ်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လာအို၊ မလေးရှား၊ ထိုင်း ၃ နိုင်ငံကို ဖြတ်သန်းထားပါတယ်။

#MyanmarLogisticsGuide

Telegram Channel
https://t.me/Guid4U

Source: VOA

Read times
Rate this item
(0 votes)