Transportation

ထိုင်ဝမ်အနီး လေကြောင်းလိုင်းများ လမ်းကြောင်းပြောင်း ကွေ့ရှောင်ပျံသန်း

ထိုင်ဝမ်အနီး လေကြောင်းလိုင်းများ လမ်းကြောင်းပြောင်း ကွေ့ရှောင်ပျံသန်း

လေကြောင်းလိုင်းများသည် ထိုင်ပေသို့ ပျံသန်းမည့် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး အနီးနားရှိ ဝေဟင်ပိုင်နက်ကို ရှောင်ရှားရန် ခရီးစဉ်များကို လမ်းကြောင်းပြောင်းပျံသန်းနေကြပါတယ်။ 

 

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်မှုကို တုံ့ပြန်တဲ့အနေဖြင့် တရုတ်နိုင်ငံက ဒုံးကျည်အစစ်များ ပစ်ခတ်ခြင်း အပါအဝင် စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ လုပ်ဆောင်တာကို ရှောင်ကွင်း ပျံသန်းကြရတာ ဖြစ်ပါတယ်။

 

ထိုင်ဝမ်ရေလက်ကြားတွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံက ကြာသပတေးနေ့တွင် လေယာဉ်အမြောက်အမြား ဖြန့်ကျက်ခြင်း၊  ဒုံးကျည်များ ပစ်ခတ်ခြင်းတို့ဖြင့် စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ပါတယ်။ ကျွန်းကို ဝန်းရံထားတဲ့ ဇုန်ခြောက်ခုတွင် တနင်္ဂနွေနေ့နေ့လည် (၀၄၀၀ ဂရင်းနစ်စံတော်ချိန်) အထိ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ 

 

Annotation_2022-08-05_112842.jpg

 

ပုံ

 

 

Korean Air Lines

Korean Air Lines Co Ltd (003490.KS) နှင့် Singapore Airlines Ltd (SIAL.SI) တို့က လေ့ကျင့်မှုများကြောင့် တိုင်ပေသို့ အသွားအပြန် ခရီးစဉ်များကို သောကြာနေ့တွင် ဖျက်သိမ်းခဲ့ကြောင်း၊ ကိုရီးယားလေကြောင်းလိုင်းသည် ၎င်း၏စနေနေ့ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး တနင်္ဂနွေလေကြောင်းခရီးစဉ်များကိုလည်း အချိန်ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ 

 

All Nippon Airways ,  Japan Airlines

Japan's ANA Holdings Inc (9202.T) နှင့် Japan Airlines Co Ltd (9201.T) တို့သည် တိုင်ပေသို့ ပုံမှန်ပျံသန်းပြေးဆွဲနေဆဲဖြစ်ကြောင်း လေကြောင်းလိုင်းများ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှုမှာ အကျုံးဝင်တဲ့ ဝေဟင်ဧရိယာများကို ရှောင်ကွင်း ပျံသန်းကြောင်း ၎င်းက ပြောကြားပါတယ်။  ဟောင်ကောင်နှင့် အရှေ့တောင်အာရှ ခရီးစဉ်များတွင်လည်း အလားတူပင် ရှောင်ကွင်းပျံသန်းကြောင်း ပြောကြားပါတယ်။ 

း အဆိုပါလေကြောင်းပိုင်နက်ကို ရှောင်ရှားနေကြပြီး အဆိုပါခရီးစဉ်များနှင့် လမ်းကြောင်းများပေါ်တွင်လည်း သက်ရောက်မှုရှိနေကြောင်း၊ ဟောင်ကောင်နှင့် အရှေ့တောင်အာရှ။

 

Cathay Pacific Airways ,  Philippines Airlines

ဟောင်ကောင်၏ Cathay Pacific Airways Ltd နှင့် ဖိလစ်ပိုင်လေကြောင်းလိုင်းတို့က ၎င်းတို့၏ ပျံသန်းမှုများသည် ထိုင်ဝမ်တစ်ဝိုက်ရှိ သတ်မှတ်ထားသော လေပိုင်နက်ဇုန်များကို ရှောင်ရှားထားကြောင်း၊ အချို့သော ပျံသန်းမှုများအတွက် အချိန်ပိုကြာကြာ ပျံသန်းရနိုင်ကြောင်း ပြောကြားပါတယ်။ 

 

ဗီယက်နမ်

ဗီယက်နမ် လေကြောင်းထိန်းသိမ်းရေးမှ ယင်းဧရိယာကို ရှောင်ရှားရန် ဗီယက်နမ်လေကြောင်းလိုင်းများကို သတိပေးထားသည်။

 

Thai Airways International

 ထိုင်ဝမ်လေပိုင်နက်ကို ကြာသပတေးနေ့မှ တနင်္ဂနွေ (သြဂုတ် ၄ ရက်မှ ၇ ရက်အထိ) ရှောင်ရှားကြရန် ထိုင်းမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့  Civil Aviation Authority of Thailand (CAAT) မှ ထိုင်းလေကြောင်းလိုင်းများအား ညွှန်ကြားထားပါတယ်။ 

 

ကြာသပတေးနေ့တွင် Thai Airways International က  တိုင်ပေသို့ အသွားအပြန် ခရီးစဉ်အားလုံးကို တနင်္ဂနွေနေ့အထိ ဖျက်သိမ်းခဲ့ပါတယ်။ 

 

Thai Airways International က   ပုံမှန်အားဖြင့် တနင်္လာနေ့၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာနေ့တိုင်း တိုင်ပေသို့ အသွားအပြန် လေယာဉ်ခရီးစဉ်များ ပြေးဆွဲပါတယ်။

 

Singapore Airlines

Singapore Airlines SIA က သောကြာနေ့ ခရီးစဉ် SQ878 နှင့် SQ879 တို့ကို ဖျက်သိမ်းကြောင်း ကြေညာပါတယ်။
SQ878 Singapore - Taipei ခရီးစဉ်ဖြစ်ပြီး SQ879 က Taipei - Singapore ခရီးစဉ် ဖြစ်ပါတယ်။

"ကျွန်ုပ်တို့၏ ခရီးသည်များနှင့် ဝန်ထမ်းများ၏ ဘေးကင်းရေးသည် ကျွန်ုပ်တို့၏ အဓိက ဦးစားပေးဖြစ်သည်။ SIA သည် အခြေအနေကို အနီးကပ် စောင့်ကြည့်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်" လို့ SIA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
SIA ရဲ့ ဘတ်ဂျက်လေကြောင်းလိုင်း ဖြစ်တဲ့ Scoot ကလည်း သောကြာနေ့ ခရီးစဉ် TR996 (Singapore - Taipei) နှင့် TR997 (Taipei - Singapore) ခရီးစဉ်များကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ထိုင်ဝမ်ခရီးစဉ်များ

 ပျံသန်းမှုခြေရာခံဝန်ဆောင်မှု FlightRadar24 မှာ ထိုင်ဝမ်လေကြောင်းလိုင်းပိုင် China Airlines Ltd  နှင့် EVA Airways Corp  တို့က သောကြာနေ့ (ဩဂုတ် ၅ ရက်) နံနက်အထိ ကျွန်းသို့ ပျံသန်းဆဲဖြစ်ကြောင်း၊ FedEx Corp  နှင့် United Parcel Service Inc တို့ရဲ့  ကုန်တင်လေယာဉ် များလည်း ထိုင်ဝမ်ခရီးစည်ကို ပျံသန်းကြပါတယ်၊ စစ်ရေးလေ့ကျင့်နေတဲ့ ဧရိယာများကို ရှောင်ကွင်းပြီး ထိုင်ဝမ်ကျွန်းကို အတက်အဆင်း ပြုကြပါတယ်။ 

 

Emirates၊ United Airlines Holdings Inc (UAL.O) နှင့် Turkish Airlines တို့သည် ဒေသစံတော်ချိန် သောကြာနေ့ နံနက်တွင် ထိုင်ပေသို့ ပျံသန်းပြေးဆွဲခဲ့ကြောင်း Flightradar24 မှ ​​ဖော်ပြခဲ့ပါတယ်။ 

 

 #MyanmarLogisticsGuide

Telegram Channel https://t.me/Guid4U
Source: Reuters

Read times
Rate this item
(0 votes)