Transportation

ရုရှားရေနံစိမ်း သမုဒ္ဒရာထဲ သင်္ဘောပြောင်းတင်ရန် အကြီးစားရေနံတင်သင်္ဘောကြီး ၁၃ စီး ဝယ်ယူ

ရုရှားရေနံစိမ်း သမုဒ္ဒရာထဲ သင်္ဘောပြောင်းတင်ရန် အကြီးစားရေနံတင်သင်္ဘောကြီး ၁၃ စီး ဝယ်ယူ

အမည်မသိရ‌သော တရုတ်ကုမ္ပဏီတစ်ခုသည် အတ္တလန္တိတ်သမုဒ္ဒရာအလယ်ထဲတွင် ရုရှားရေနံစိမ်းများကို သင်္ဘောမှ သင်္ဘောသုိ့ လွှဲပြောင်းခြင်း ship-to-ship transfer ကို ဆောင်ရွက်ရန် ရေနံတင်သင်္ဘော ၁၃ စင်းအတွက် ကန်ဒေါ်လာ ၃၇၆ သန်း သုံးစွဲခဲ့သည်။

ကုန်သွယ်ရေကြောင်း အချက်အလက် ဝဘ်ဆိုက် Lloyd's List မှ အချက်အလက်များအရ သင်္ဘော ၁၃ စင်းစလုံးသည် တရုတ်နိုင်ငံ၊ ဒါလျံ ဆိပ်ကမ်းမြို့ရှိ ရုံးခန်းအဆောက်အဦ တစ်ခုတည်းနှင့် ပတ်သက်နေသည်။

အမည်မသိရသည့်  ဝယ်ယူသူက aframax အရွယ်အစား ရေနံတင်သင်္ဘော ၅ စီး၊ ရေနံစိမ်းတင် သင်္ဘောအကြီးစား ၇ စီး ၊ suezmax အရွယ်အစား ရေနံတင်သင်္ဘော ၁ စီး တို့ကို ဝယ်ယူခဲ့သည်။ ၁၃ စီးအနက် ၁၀ စီးကို မေလမှ ဇူလိုင်လအထိ ကာလအတွင်း ဝယ်ယူခဲ့သည်။

အဆိုပါ ရေယာဉ်စုသည် ပေါ်တူဂီနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ နိုင်ငံတကာရေပိုင်နက်တွင် ရုရှားရေနံစိမ်းအတွက် သင်္ဘောမှ သင်္ဘောသို့ လွှဲပြောင်းခြင်း အကြီးအကျယ် လုပ်ဆောင်မည့် ရုရှားရေနံ သယ်ယူပို့ဆောင်ရေးဗဟိုချက်အသစ်၏ အဓိကအချက်အချာဖြစ်သည်။

သင်္ဘောတိုင်းသည် အနည်းဆုံး ၁၅ နှစ်သက်တမ်းရှိသောကြောင့် ၎င်းတို့သည် ချာတာအငှားရဖို့ ခဲယဉ်းသည်ဖြစ်ရာ ရုရှားရေနံ ပို့ဆောင်ရေး လမ်းကြောင်းတွင် ကြားဝင်လုပ်ဆောင်ရန်အတွက်သာ ဝယ်ယူခဲ့ခြင်း ဖြစ်မည်ဟု ယူဆရသည်။

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U
Source: market business insider

Read times
Rate this item
(2 votes)