Transportation

မလေးရှားလေကြောင်းလိုင်း Airbus A330neos အစီး ၂၀ ကို ဝယ်ယူမည်

မလေးရှားလေကြောင်းလိုင်း Airbus A330neos အစီး ၂၀ ကို ဝယ်ယူမည်

 မလေးရှားလေကြောင်းလိုင်း Malaysia Airlines သည်  Airbus A330neo ကိုယ်ထည်ကျယ် ဂျက်လေယာဉ် အစီး ၂၀ ကို ဝယ်ယူမည်။

အမှုဆောင်အရာရှိချုပ် Izham Ismail က လေကြောင်းလိုင်းသည် ၎င်း၏ အစောပိုင်းမော်ဒယ် A330 လေယာဉ်များကို လေယာဉ်အသစ်များဖြင့် အစားထိုးရန်အတွက်  ဆုံးဖြတ်ချက်ချရန် နီးကပ်နေပြီဟု ဇွန်လတွင် ပြောကြားခဲ့သည်။

လေယာဉ်အသစ်များ ဝယ်ယူရန်အတွက် အဆင့်မြှင့်တင်ထားသော A330neo ကို ဦးစားပေးမော်ဒယ်အဖြစ် ရွေးချယ်ခဲ့ကြောင်း ပြီးခဲ့သည့်လက Reuters သတင်းတွင် ဖော်ပြခဲ့သည်။

 A330-300 ၁၅ စီးနှင့် A330-200 ၆ စီး တို့ကို A330neo များဖြင့် အစားထိုးမည် ဖြစ်သည်။ စီးရေ ထက်ဝက်ကို Airbus ထံမှ တိုက်ရိုက်ဝယ်ယူမည်ဖြစ်ပြီး ကျန်ထက်ဝက်ကို ကြားခံလုပ်ငန်းထံမှ ငှားရမ်းမည် ဖြစ်သည်။

Malaysia Airlines တွင် ခရီးရှည် ပျံသန်းရန်  Airbus A330s နှင့် A350s  လေယာဉ်များ ရှိသည်။ ယခု ကုမ္ပဏီ ဝင်ငွေအခြေအနေ ဦးမော့လာသဖြင့် ကိုယ်ထည်အကျယ် လေယာဉ်များဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U

Source Reuters 

Read times
Rate this item
(0 votes)