Transportation

အီရန်‌လေကြောင်းလိုင်းများ မလေးရှားခရီးစဉ် ယတိပြတ် ရပ်ဆိုင်း

အီရန်‌လေကြောင်းလိုင်းများ မလေးရှားခရီးစဉ် ယတိပြတ် ရပ်ဆိုင်း

မလေးရှားသို့ အီရန်လေကြောင်းလိုင်းအားလုံး၏ ပျံသန်းမှု အားလုံးကို သြဂုတ် ၂၃ ရက် စနေနေ့တွင် ရပ်နားထားမည်ဖြစ်သည်။

ရပ်နားရသည့် အဓိကအကြောင်းရင်းမှာ အီရန်လေယာဉ်များအား မလေးရှားနိုင်ငံက ဆီဖြည့်ပေးခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ဖြစ်ပါသည်။ 

အီရန်လေကြောင်းကုမ္ပဏီများအသင်း Iran's Aviation Companies Association မှ အတွင်းရေးမှူး Maghsoud Asadi-Samani က မလေးရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနိုင်သည့် တစ်ခုတည်းသောလေကြောင်းလိုင်းဖြစ်သည့် Mahan Airlines မှ ကွာလာလမ်ပူသို့ ပျံသန်းမည့် ခရီးစဉ်သည် နောက်ဆုံးခရီးစဉ် ဖြစ်မည်ဟု ပြောကြားသည်။ အီရန်နိုင်ငံ တီဟီရန်မြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့အကြား ခရီးရှည်ကို ပျံသန်းမှုများ လုံးဝ ယတိပြတ် ရပ်ဆိုင်းမည် ဖြစ်သည်။ 

 ကုမ္ပဏီ Mahan Air ကို အမေရိကန်က ၂၀၀၈ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့သည်။

မလေးရှားနိုင်ငံရှိ လေဆိပ်များသည် အီရန်လေယာဉ်များကို လောင်စာဆီ မပေးတော့ကြောင်း၊ မလေးရှားလေဆိပ်များတွင် လောင်စာဆီထည့်သည့်ကုမ္ပဏီများသည် အမေရိကန်ကုမ္ပဏီများနှင့် တွဲဘက်လုပ်ဆောင်နေကြောင်း၊ အီရန်နိုင်ငံ၏ လေယာဉ်များကို လောင်စာဆီ ဆက်လက်ပေးအပ်နေပါက အဆိုပါ အမေရိကန်ကုမ္ပဏီများ ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ  အီရန်လေယာဉ်များကို လောင်စာဆီ မပေးတော့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အတွင်းရေးမှူး Maghsoud Asadi-Samani က ပြောကြားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်က  တီဟီရန် -  ကွာလာလမ်ပူ ခရီးစဉ်အတွက် ခရီးသည် များပြားသဖြင့် အပတ်စဉ် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပျံသန်းခဲ့သည်။ ကိုဗစ် အကျပ်အတည်းကာလတွင် မလေးရှားနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရပြီး ကိုဗစ်လွန်ကာလ ယခုအခါ တစ်ပတ်လျှင် တစ်ကြိမ်သာ ပျံသန်းပြေးဆွဲပါသည်။ 

#MyanmarLogisticsGuide

Telegram Channel https://t.me/Guid4U

Source: iranintl.com

Read times
Rate this item
(3 votes)