Transportation

MISC ဝင်ငွေ ပိုများသော်လည်း အသားတင်အရှုံးပြ

MISC ဝင်ငွေ ပိုများသော်လည်း အသားတင်အရှုံးပြ

၁၉၆၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော  Malaysia International Shipping Corporation Berhad (MISC Berhad) က ဇွန်လ ၃၀ ရက်တွင် အဆုံးသတ်သည့် ၂၀၂၂ ဒုတိယ ၃လပတ်အတွက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ရင်းဂစ် ၁၉.၁ သန်း အသားတင်အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယမန်နှစ် ဒုတိယ ၃လပတ်တွင် အသားတင်အမြတ် ရင်းဂစ် ၅၃၈.၈ သန်း ရရှိခဲ့သည်။ 

၂၀၂၂ ပထမ ၆ လအတွက် ရရှိသော အမြတ် လျော့နည်းသွားခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက်တွင် အမြတ် ရင်းဂစ် ၉၆၈.၆ သန်း ရရှိခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် အမြတ်ရင်းဂစ် ၃၅၇.၃ သန်းသို့ လျော့ကျသည်။

ဝင်ငွေကို ကြည်လျှင် ယမန်နှစ် ပထမနှစ်ဝက်တွင် ရင်းဂစ် ၄.၈၉ ဘီလီယံ ရရှိခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် ရင်းဂစ် ၆.၀၈ ဘီလီယံသို့ မြင့်တက်ခဲ့သည်။ ဝင်ငွေ ပိုများပြီး အမြတ်လျော့နည်းသည်။

MISC ၏ ပြောကြားချက်အရမှာ အဓိကအားဖြင့် သင်္ဘောများ ချို့ယွင်းမှုကြောင့်လည်းကောင်း၊ ချေးငွေများ ငွေကြေးစရိတ်များ မြင့်မားခြင်းကြောင့်လည်းကောင်း၊ ဖက်စပ်လုပ်ငန်းများထံမှ ရရှိသည့် အမြတ်ဝေစု နည်းပါးခြင်းကြောင့်လည်းကောင်း ဒုတိယ ၃ လပတ်တွင် အသားတင် အရှုံးပေါ်ခဲ့ရသည်။

MISC လုပ်ငန်းစု၏ ဥက္ကဋ္ဌနှင့် စီအ္ီးအို Yee Yang Chien က ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) တင်ဆောင်သည့် သင်္ဘောအချို့ သက်တမ်း အိုနေခြင်းကြောင့် ချို့ယွင်းသဖြင့် အကုန်အကျများစေခဲ့သည်ဟု ပြောကြားသည်။

Mero 3 ရေပေါ်သိုလှောင်စနစ်နှင့် သင်္ဘောတင်ဆိပ်ခံ စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေဆဲဖြစ်ခြင်းကြောင့်လည်း ဒုတိယ ၃ လပတ်တွင် အကုန်အကျများနေစေသည်ဟု ၎င်းက ပြောကြားသည်။ 

LNG ပို့ဆောင်ရေးအတွက် ယခုအခါ လိုအပ်ချက် မြင့်မားနေသဖြင့် LNG သင်္ဘောလိုင်း ဈေးကွက် အလားအလာ ကောင်းမွန်နေသည်။ အထူးသဖြင့် ဥရောပသည် ရုရှားမှ သဘာဝဓာတ်‌ငွေ့ ရယူသုံးစွဲနေသည့်အတွက် ယခုအခါ အခြားရင်းမြစ်များထံမှ ရယူနေသည့်အတွက် LNG သင်္ဘော လိုအပ်ချက် မြင့်မားနေသည်ဟု အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

ဧရာမ ရေနံစိမ်းတင်သင်္ဘောများ very large crude carriers (VLCCs) အတွက် ဈေးကွက် အားပျော့နေသည်။ ပေါက်ဈေးနှုန်းထားများ ကျဆင်းနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

Source: FMT

Read times
Rate this item
(0 votes)