Transportation

အင်ဒိုနီးရှား ပထမဆုံး ကျည်ဆံရထား တရုတ်နိုင်ငံမှ သင်္ဘောဖြင့် ပေးပို့

အင်ဒိုနီးရှား ပထမဆုံး ကျည်ဆံရထား တရုတ်နိုင်ငံမှ သင်္ဘောဖြင့် ပေးပို့

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းအတွက် ကျည်ဆန်ရထားများကို ရှန်ဒေါင်းပြည်နယ် Qingdao မှ သင်္ဘောဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ တနင်္ဂနွေနေ့(ဩဂုတ် ၂၁)တွင် ပို့ဆောင်ခဲ့သည်။

အဆိုပါ မြန်နှုန်းမြင့်ကျည်ဆံရထားကို ရှန်ဒေါင်းပြည်နယ် Qingdao အခြေစိုက် CRRC Qingdao Sifang Co က တည်ဆောက်‌ခဲ့ပါသည်။

တရုတ်ကျည်ဆံရထား ပြည်ပတင်ပို့ခြင်းအတွက် မှတ်တိုင်တစ်ခု စိုက်ထူလိုက်ခြင်း ဖြစ်ပါသည်။

 

Annotation_2022-08-23_083732.jpg

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းပေါ်ရှိမြို့တော် ဂျကာတာနှင့် ဘန်ဒေါင်းမြို့တို့အကြား ဆက်သွယ်ထားသည့် ရထားလမ်းကွန်ရက်တွင် ပြေးဆွဲမည့် ကျည်ဆံရထား ဖြစ်ပါသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် Belt and Road Initiative BRI ၏ အထင်ကရ လမ်းပန်းဆက်သွယ်ရေး စီမံကိန်း တစ်ခု ဖြစ်ပါသည်။

တရုတ်နည်းပညာ၊ စံချိန်စံညွှန်း၊ စက်ပစ္စည်းကိရိယာတို့ကို  အပြည်အဝ သုံးစွဲထားသောမြန်နှုန်းမြင့် ရထား စီမံကိန်းအနေဖြင့် ပထမဆုံး ပင်လယ်ရပ်ခြား စီမံကိန်းဖြစ်ပါသည်။ စီမံကိန်းကို ၂၀၂၃ တွင် ပြီးစီးရန် လျာထားပါသည်။

စီမံကိန်းတွင် ရထား ၁၁ စီး ပါဝင်သည်။ စစ်ဆေးရေး ရထားတစ်စီးလည်း ပါဝင်သည်။ တရုတ်ပြည်ဖြစ် Fuxing ကျည်ဆံရထား၏  ရင့်ကျက်ပြီးဖြစ်သော အဆင့်မြင့်နည်းပညာများကို အခြေခံထားပါသည်။

ကျည်ဆံရထားတွင် မြေငလျင်စောင့်ကြည့်စနစ်ပါရှိပြီး ကြိုတင်သတိပေးစနစ်လည်း ပါဝင်ပါသည်။

တစ်နာရီ ကီလိုမီတာ ၃၅၀ အထိ ပြေးနိုင်ပါသည်။ ရထားတွဲတိုင်းမှာ မောင်းနှင်အား ရှိသည့် electric multiple unit EMU အမျိုးအစားဖြစ်ပါသည်။

CRRC Qingdao Sifang က အင်ဒိုနီးရှားနိုင်ငံတွင် ပြေးဆွဲမည့် လမ်းကြောင်းများ၊ ပတ်ဝန်းကျင် အခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်အောင် မွမ်းမံပေးထားပါသည်။ 

 

Annotation_2022-08-23_083756.jpg

 

ပထမအသုတ် ပေးပို့ခြင်းကို ဩဂုတ်လကုန်တွင် ပြီးစီးရန် လျာထားပါသည်။ ကျန်သည့်အသုတ်များကို ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ဆက်လက်ပေးပို့မည် ဖြစ်ပါသည်။ 

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသစ်သည် စုစုပေါင်းအလျား ၁၄၂ ကီလိုမီတာ ရှိပါသည်။ ယခင် ၃ နာရီကြာမြင့်သည်ကို ကျည်ဆံရထားဖြင့် သွားပါက မိနစ် ၄၀ မျှသာ ကြာမြင့်ပါမည်။
အင်ဒိုနီးရှားအတွက် ပထမဆုံး မြန်နှုန်းမြင့်ရထား ဖြစ်ပါသည်။

ရထားလမ်းစီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံဟု ခန့်မှန်းပါသည်။ ကုန်ကျစရိတ် အများစုကို တရုတ်နိုင်ငံချေးငွေဖြင့် သုံးစွဲပါသည်။ 

Source China Daily

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

MLG

 

Read times
Rate this item
(0 votes)