Transportation

ရန်ကုန်-လင်ချန်း-ချန်တူး လမ်းကြောင်းသစ် ကုန်စည်တန်ချိန် ၁၀,၀၀၀ ကျော် ပို့ဆောင်ပြီး

ရန်ကုန်-လင်ချန်း-ချန်တူး လမ်းကြောင်းသစ် ကုန်စည်တန်ချိန် ၁၀,၀၀၀ ကျော် ပို့ဆောင်ပြီး

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်ဖြစ်သည့် ရန်ကုန်-လင်ချန်း-ချန်တူး ကုန်စည်ပို့ဆောင်ရေးတွင် ကုန်စည်တန်ချိန် ၁၀,၀၀၀ ကျော် ပို့ဆောင်ပြီးဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရူံမှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 


 

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ် ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန်တစ်သောင်းကျော်လွန်ပြီ#

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ် (ရန်ကုန်-လင်ချန်း-ချန်တူး) ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး စတင်ဆောင်ရွက်သည့် တစ်နှစ်တာအတွင်း ၁၄ ကြိမ် သယ်ယူပို့ဆောင်ခဲ့ပြီး စုစုပေါင်းကုန်စည်ပို့ဆောင်မှုတန်ချိန် ၁၀၅၀၀ ခန့်ရှိကာ ကုန်စည်တန်ဖိုး ယွမ် သန်း ၂၀၀ နီးပါး ရှိပြီဖြစ်သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်ကို စမ်းသပ်ပြေးဆွဲခဲ့ပြီး ပထမဆုံး ကွန်တိန်နာကို စင်ကာပူနိုင်ငံမှ စတင်ပို့ဆောင်ခဲ့ပါသည်။

 ထို့နောက် မြန်မာနိုင်ငံ ရန်ကုန်၏ ဆိပ်ကမ်းသို့ ရောက်ရှိပြီးနောက် ကားလမ်းပို့ဆောင်ရေးဖြင့် လင်ချန်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် အထူးမီးရထားပို့ဆောင်ရေးဖြင့် ချန်တူးအပြည်ပြည်ဆိုင်ရာ မီးရထားဆိပ်ကမ်းကို ပို့ဆောင်ရောက်ရှိခဲ့ရာ တရုတ်-မြန်မာနှင့် တတိယနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်၍ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးကို စတင်ဖော်ဆောင်နိုင်ခဲ့ပြီး ကွန်တိန်နာဖြင့်သယ်ယူပို့ဆောင်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။


Source Chinese Embassy

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)