Transportation

စကော့တလန်-တရုတ် တိုက်ရိုက် ပထမဆုံးအကြိမ် ပြေးဆွဲသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် စတင်

စကော့တလန်-တရုတ် တိုက်ရိုက် ပထမဆုံးအကြိမ် ပြေးဆွဲသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် စတင်

စကော့တလန်မှ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် တိုက်ရိုက်ပြေးဆွဲသည့် ကွန်တိန်နာသင်္ဘောခရီးစဉ်တွင်  စကော့တလန် အနောက်ဘက်ကမ်းရိုးတန်းမှ  ထွက်ခွာမည့် ကွန်တိန်နာသင်္ဘောပေါ်တွင် စကော့တလန်ဝီစကီ ပုလင်းပေါင်း တစ်သန်းကျော် တင်ဆောင်မည် ဖြစ်သည်။

တိုက်ရိုက်ခရီးစဉ်သည် စကော့တလန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးကို အကြီးအကျယ် ပြောင်းလဲပေးလိမ့်မည် ဖြစ်သည်၊

 

First_direct_China-Scotland_2.jpg

 

ကွန်တိန်နာသင်္ဘော Allseas Pioneer သည် တရုတ်နိုင်ငံ နင်းဘိုဆိပ်ကမ်းမှ စကော့တလန်သို့ ရောက်ရှိလာသည်။ တရုတ်နိုင်ငံမှ ပို့ကုန်များဖြစ်သော အထည်အလိပ်၊ ပရိဘောဂနှင့် ကစားစရာများ သယ်ဆောင်လာသည်။ စကော့တလန်ဈေးကွက်ထဲတွင် ရောင်းချမည့် ကုန်စည်များ ဖြစ်သည်။ 

ယခင်က ဥရောပမှ တစ်ဆင့်ဖြစ်စေ၊ ယူကေတောင်ပိုင်းရှိ ဆိပ်ကမ်းများမှ တစ်ဆင့်ဖြစ်စေ ပို့ဆောင်ခဲ့သည်။ ခရီးစဉ်တစ်ကြောင်း ရက်ပေါင်း ၆၀ ခန့်ကြာသည်။ ယခုတိုက်ရိုက်ခရီးစဉ်တွင် ၃၃ ရက်သာကြာသည်။ တစ်ဆင့်ခံ ကြားဆိပ်ကမ်းတွင် သင်္ဘောများ ပြည့်ကျပ်နေသဖြင့် ကမ်းကပ်ခွင့်ရဖို့ ရက်ကြာကြာ စောင့်နေရခြင်းမျိုးလည်း ကင်းသည်။

 

စကော့တလန်-တရုတ် တိုက်ရိုက်ပြေးဆွဲသည့် ကွန်တိန်နာသင်္ဘောခရီးစဉ်များကို ကွန်တိန်နာအလုံးရေ ၁,၆၀၀ ခန့်တင်ဆောင်နိုင်သော သင်္ဘော ၆ စီးဖြင့် ပြေးဆွဲသည်။ တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများမှ တစ်လ ၃ ကြိမ် ထွက်ခွာသည်။ စကော့တလန်မှလည်း တစ်လ ၃ ကြိမ် ထွက်ခွာသည်။ 

 

စကော့တလန်မှ ပို့ကုန်များတွင် ဘီယာ၊ ဝီစကီ၊ဂျင်၊ မုန့်များ၊  စက္ကူ၊ ပေါင်မုန့်တို၊ ရေနှင့် စက်ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

တရုတ်နိုင်ငံမှ ပို့ကုန်များတွင် အထည်အလိပ်များ၊ ပရိဘောဂများ၊ အရုပ်များ၊ ကျန်းမာကြံ့ခိုင်ရေးလေ့ကျင့်ခန်းပစ္စည်းများနှင့် ဖိနပ်များ ပါဝင်မည် ဖြစ်သည်။

 

စကော့တလန်-တရုတ် ကွန်တိန်နာသင်္ဘော တိုက်ရိုက်ခရီးစဉ်ကို  KC Liner Agencies, DKT Allseas နှင့်  China Xpress တို့ ပူးပေါင်းလုပ်ဆောင်ကြပါသည်။

Source BBC

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)