Transportation

ပြည်တွင်းစက်သုံးဆီစျေးအပြောင်းအလဲကြောင့် ကုန်စည်သယ်ယူပို့ဆောင်ဈေးနှုန်းများမြင့်တက်

ဒေသထွက်သီးနှံများသယ်ယူပို့ဆောင်ရာတွင်စက်သုံးဆီစျေးနှုန်းမြင့်မားသဖြင့် သယ်ယူစရိတ်များလည်း မြင့်တက်လျက်ရှိကြောင်းကုန်သည်နှင့် တွဲကားမောင်းသူများထံမှသိရသည်။

"စက်သုံးဆီစျေးက မြင့်နေတဲ့အတွက်သယ်ယူစရိတ်တွေကလည်း ပြီးခဲ့တဲ့လကထက် ပိုပြီးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးနှုန်းတွေက ကုန်စည်ရဲ့ အလေးချိန်အလိုက်ယူကြတာများတယ်။ လောလောဆယ်စျေးကွက် ပေါက်စျေးအရ ရန်ကုန်ကနေ မြစ်ကြီးနားဆိုရင် တစ်တန်ကို ကျပ် ၉၄၀၀၀ လောက်ယူကြတယ်။ ရန်ကုန် - အောင်ပန်း က တစ်တန်ကို ကျပ် ၃၆၀၀၀၊ ရန်ကုန် - နောင်တရားက တစ်တန်ကို ကျပ် ၃၈၀၀၀၊ ရန်ကုန်-တောင်ကြီးက ကျပ် ၃၇၀၀၀၊ ရန်ကုန်-မန္တလေးက တစ်တန်ကို ကျပ် ၃၄၀၀၀၊ ရွှေပြည်သာ-ဆိုက်ခေါင်က တစ်တန်ကို ကျပ် ၄၁၀၀၀ ဝန်းကျင်လောက် စျေးနှုန်းရှိကြတယ်။ ဒါကတော့ ဒီရက်ပိုင်းစျေးနှုန်းတွေပါ။ စက်သုံးဆီစျေးအပေါ်မူတည်ပြီး ပြောင်းလဲမှုတွေရှိတယ် အခုရက်ပိုင်းကတော့ နယ်စပ် ပို့ကုန်အသွားနည်းပြီး ပြည်တွင်း ကုန်စည်သယ်ယူတာ ပိုများတယ်" ဟု သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၀န်ဆောင်သူတစ်ဦးကပြောသည်။

 

Aston_Martin_2.jpg

 

ထို့အတူ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြ၀တီကုန်သွယ်ရေးဇုန် အာရှလမ်းမကြီးပေါ်တွင်လည်း မော်တော်ယာဉ်များ ညအိပ်ရပ် နားခွင့်မပြုတော့ကြောင်းနှင့် RO မရရှိဘဲမော်တော်ယာဉ်များ အာရှလမ်းမကြီးပေါ်သွင်းကုန်/ပို့ကုန် ယာဉ်များ အစစ်ဆေးခံရန်ကြိုတင်တန်းစီနေရာယူခြင်း မပြုရန်ညွှန်ကြားထားသဖြင့် မြ၀တီအတက်အဆင်း

ကုန်တင်ကားငှားရမ်းခများ စျေးနှုန်းအနည်းငယ်မြင့်တက်လာနိုင်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

 

Source : Myanma Alinn


Read times
Rate this item
(0 votes)