Transportation

ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် အိန္ဒိယနိုင်ငံ၏ ကျည်ဆန်ရထားစီမံကိန်း ကို ၂၀၂၆ ခုနှစ်မတိုင်ခင်အကောင်အထည်ဖော်မည်

အိန္ဒိယနိုင်ငံ၏ အဓိကကျသော အနောက်ပိုင်းပြည်နယ်တစ်ခုသည် မြန်နှုန်းမြင့်ရထား လမ်းဖောက်လုပ်ရာ၌ ကြုံတွေ့နေသော နှောင့်နှေးကြန်ကြာမှုများကို လျင်မြန်သောအရှိန်အဟုန်ဖြင့် ရှင်းလင်းရန် တွန်းအားပေးပြီးနောက် ကုည်ဆန်ရထားအစီအဇဉ်ကို ရှေ့သို့တွန်းအားဝေးအကောင်အထည်ဖော်လျက်ရှိသည်။

မျှော်မှန်းချက်ကြီးသည့် ကျည်ဆန်ရထားအစီအစဉ်သည် ရထားလမ်းဖောက်လုပ်ရန် လိုအပ်သော မြေယာသိမ်းခြင်းပြဿနာများကြောင့်နှစ်ပေါင်းများစွာကြာ နှောင့်နှေးကြန့်ကြာခဲ့ရသည်။

 

YD_Advertise_with_us_2.jpg

 

မြန်နှုန်းမြင့်ရထားလမ်းသည် ဝန်ကြီးချုပ်နာရိန်ဒရာမိုဒီအါ ဇာတိပြည်နယ်ဖြစ်သော ဂူဂျာရတ်ဒါ အကြီးဆုံးစီးပွားရေးအချက်အချာဖြစ်သည့်အာမက်ဒါဘက်မြို့မှ မွမ်ဘိုင်းအထိ ၅၀၈ ကီလို ဒီတာ ရှည်သောခရီးလမ်းကို သုံးနာရီအတွင်းအရောက်သွားနိုင်မည်ဖြစ်သည်။

အသစ်ခန့်အပ်လိုက်သော အိန္ဒိယနိုင်ငံ မဟာရာရှ်ထရာပြည်နယ် ဝန်ကြီးချုပ်သည် သြဂုတ်၂၉ရက် ကအဆိုပါရထားလမ်းအတွက် လိုအပ်သောမြေနေရာရရှိမှုများကို စက်တင်ဘာလအကုန်တွင်အပြီးသတ်လုပ်ဆောင်သွားရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ညွှန်ကြားထားသည်။

မိုဒီဒါအာဏာရ ဘီဂျေဗီပါတီသည် အနောက်ပိုင်းပြည်နယ်ခွဲထွက် ရိဒ်ဆီနာပါတီနှင့် မဟာဓိတ်ဖွဲ့ထားသည်။ ယခင်အာဏာရ အတိုက်အခံပါတီလက်ထက်တွင် ကျည်ဆန်ရထားစီမံကိန်းသည်မြေယာပြဿနာများနှင့် ပတ်သက်ခဲ့သည်း လိုအပ်သော မြေနေရာသိမ်းမှုအပေါ် ဆန္ဒပြမှုများလည်းဖြစ်ပွားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ကုန်ကျမည့်အဆိုပါအစီအစဉ်ကို အဓိက ဂျပန်ချေးငွေဖြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်ထက်နောက်ကျေဘဲလုပ်ဆောင်သွားရန် စီစဉ်ထားသည်။

Source: NHK

Read times
Rate this item
(0 votes)