Transportation

ချန်ဂီလေဆိပ် T2 မြန်မာအပါအဝင် ထွက်ခွာခရီးစဉ်များ အောက်တိုဘာတွင် ပြန်လည်စတင်မည်

ချန်ဂီလေဆိပ် T2 မြန်မာအပါအဝင် ထွက်ခွာခရီးစဉ်များ အောက်တိုဘာတွင် ပြန်လည်စတင်မည်

.

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ် Terminal 2 သည် ထွက်ခွာခရီးစဉ်များ  အောက်တိုဘာလ ၁၁ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။

စင်ကာပူလေကြောင်းလိုင်း ထွက်ခွာခရီးစဉ်များဖြင့် ပြန်လည်စတင်မည်ဖြစ်ရာ ထိုင်းနှင့် မလေးရှားသို့ ပျံသန်းမည့် စင်ကာပူလေကြောင်းလိုင်း Singapore Airlines (SIA)  ထွက်ခွာ ခရီးစဉ်များသည် ချန်ဂီလေဆိပ် Terminal 2 မှ ထွက်ခွာမည်ဖြစ်သည်။

အောက်တိုဘာ ၁၃ ရက်မှစ၍ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများသို့ ပျံသန်းမည့်  SIA လေကြောင်းခရီးစဉ်များသည် Terminal 2 ၏ southern wing  မှ ထွက်ခွာမည်ဖြစ်သည်။

ထိုအစီအစဉ်ကို Changi Airport Group (CAG) က Changi Airport Group (CAG) သည် Terminal 2  အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်ခြင်း၏ အဆင့် တစ်ခုအဖြစ် တနင်္လာနေ့ (စက်တင်ဘာ ၅ ရက်) တွင်ကြေညာခဲ့ပါသည်။

.

 COVID-19 ကပ်ရောဂါကြောင့် ၂ နှစ်ကြာ ပိတ်ထားခဲ့ပြီး မေလတွင် ဆိုက်ရောက်ခရီးစဉ်များအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ပိတ်ထားစဉ်ကာလတွင် မွမ်းမံခြင်း၊ အဆင့်မြှင်တင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အခြားလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် Air India (AI) နှင့် Air India Express (IX) တို့သည် အောက်တိုဘာ ၁၈ ရက်တွင် Terminal 2 သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း CAG မှ ပြောကြားခဲ့ပါသည်။

terminal ကိုအသုံးပြုသည့် အခြားလေကြောင်းလိုင်းများစာရင်းကို နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

..

ခရီးဆောင်အိတ်များကို အိတ်အပ်နှံကောင်တာများတွင် မပေးမီ မိမိဘာသာ check-in လုပ်လိုသူများအတွက် check-in တိုင်များ ထားရှိပေးထားပါသည်။ ထို့ပြင် အလိုအလျောက် လူဝင်မှုကြီးကြပ်ရေး ဂိတ်များလည်း ထားရှိပေးထားပါသည်။ မိမိဘာသာ လူဝင်မှုကြီးကြပ်ရေးကိစ္စကို ၎င်းဂိတ်တွင် ဆောင်ရွက်နိုင်ပါသည်။

.

ချန်ဂီလေဆိပ်သို့ ရောက်ရှိလာသည့် SIA လေယာဉ်များအတွက် ၎င်းတို့အား Terminals 1၊ 2 သို့မဟုတ် 3 တွင် သတ်မှတ်ထားသည့် ဂိတ်များ ယခင်အတိုင်း ဆက်လက်ထားရှိမည်ဖြစ်သည်။

.

ချန်ဂီလေဆိပ် Terminal 4 ကို COVID-19 မှ ၂ နှစ်ကြာ လည်ပတ်မှု ရပ်ဆိုင်းထားပြီးနောက် စက်တင်ဘာ ၁၃ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင်မည်ဟု ယခင်က ကြေညာထားခဲ့ပြီး ဖြစ်ပါသည်။

 

Changi လေဆိပ် Terminal 5 တွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ အလုပ်ပြန်လည်စတင်မည် ဖြစ်သည်။

Source CNA

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)