Transportation

အိန္ဒိယ-ယူအေအီး ‌ ခရီးစဉ်များအတွက် ထိုင်ခုံ ၅၀,၀၀၀ ယူအေအီးတောင်းခံ

အိန္ဒိယ-ယူအေအီး ‌ ခရီးစဉ်များအတွက် ထိုင်ခုံ ၅၀,၀၀၀ ယူအေအီးတောင်းခံ

 

 ယူအေအီးမှ လေယာဉ်များအတွက်  အိန္ဒိယ-ယူအေအီး လေကြောင်းခရီးစဉ်များမှာ နောက်ထပ်  တစ်ပတ်လျှင် ထိုင်ခုံ ၅၀,၀၀၀  ကို တောင်းခံတဲ့အတွက်  အိန္ဒိယရှိ လေကြောင်းလိုင်းများက စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။

 

UAE သည် အိန္ဒိယနိုင်ငံရှိ  Amritsar၊ Tiruchirapalli၊ Coimbatore၊ Kannur၊ Goa၊ Bhubaneswar၊ Guwahati နှင့် Pune မြို့များသို့  ဒူဘိုင်းမှ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲခွင့် ပေးအပ်ဖို့ ယူအေအီးက အိန္ဒိယထံမှ တောင်းခံထားပါတယ်။ 

ယူအေအီးက အိန္ဒိယနှင့် ယူအေအီး ၂ နိုင်ငံအကြား ခရီးစဉ်များအတွက်  ယူအေအီးမှ လေယာဉ်များကို နောက်ထပ် တစ်ပတ်လျှင် ထိုင်ခုံ ငါးသောင်း တိုးပေးဖို့ တောင်းခံတာကို လိုက်လျောလိုက်လျှင် အိန္ဒိယမှ လေကြောင်းလိုင်းများ အကျပ်ရိုက်သွားနိုင်ပါတယ်။

 

ယူအေအီးရဲ့ နိုင်ငံ့ဂုဏ်ဆောင် လေကြောင်းလိုင်း Emirates က လက်ရှိမှာ အိန္ဒိယနိုင်ငံရှိ မြို့ ကိုးမြို့သို့ ပျံသန်းပြေးဆွဲနေပါတယ်။ ၎င်းမြို့များမှာ နယူးဒေလီ၊ မွမ်ဘိုင်း၊ အဟ်မဒါဘတ်၊ ဘန်ဂလို၊ ချန်နိုင်၊ ဟိုက်ဒရာဘတ်၊ ကိုချီ၊ ကာလကတ္တားနှင့် သီရူဗန်နန်သာပူရမ် တို့ ဖြစ်ပါတယ်။ တသ်ပတ်လျှင် ထိုင်ခုံ ၆၅,၂၀၀ ခွင့်ပြုထားပါတယ်။

Source newindiaexpress

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)