Transportation

ကုန်သွယ်ရေးနှင့် စီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးမှ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှိနိုင်ငံ

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှိနိုင်ငံတို့သည် ရေအရင်းအမြစ်များ၊ မီးရထားလမ်းများ၊ အာကာသနည်းပညာ၊ တရားစီရင်ရေး၊ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ရုပ်သံထုတ်လွှင့်ခြင်းအပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးမှ သဘောတူညီချက် ခုနစ်ရပ်ကို စက်တင်ဘာ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

 

BCG_2.jpg

 

နှစ်နိုင်ငံကြားအဆိုပါသဘောတူညီချက်များကိုအိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လေးရက်ကြာရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်

ရှိတ်ဟာစီနာတို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံဝန်ကြီးချုပ်များသည် ဓာတ်အားပေးစက်ရုံတစ်ရုံကန့် ဓာတ်အားပေးစက်ရုံတစ်ရုံ၊ မီးရထားလမ်း၊ တံတားတစ်ခု နှင့် မီးရထားလိုင်း စီမံချက်များအပါအဝင် စီမံကိန်းအမျိုးမျိုးတို့အတွက် ပူးတွဲဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။

 

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာတို့သည် ကုန်သွယ်ရေး၊ စီးပွားရေး၊ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်း

ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီနေ ကွာထရာက သတင်းထောက်များကိုပြောသည်။

 

Source : Xinhua

Read times
Rate this item
(0 votes)