Rakuten Viber မှ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအား အထောက်အကူဖြစ်စေရန် Experience Myanmar Viber ချန်နယ်အား မိတ်ဆက်
Rakuten Viber ၏ Experience Myanmar ချန်နယ်နှင့်အတူ လတ်တလော အသစ် ထပ်မံမိတ်ဆက်ခဲ့သည့် Chatbot လုပ်ဆောင်ချက်များမှတဆင့် ပြည်တွင်းပြည်ပ ခရီးသွားများ အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ခရီးသွားလာနိုင်စေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်
.
.
ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသော စာတိုပေးပို့မှု အက်ပလီကေးရှင်း Rakuten Viber သည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ပိုမိုမြင့်မားလာစေရန်အတွက် ထိပ်တန်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း Flymya နှင့် ပူးပေါင်း၍ Experience Myanmar Viber ချန်နယ်အား မိတ်ဆက်ခဲ့သည်။ အသစ် ပါဝင်လာသည့် Chatbot ဝန်ဆောင်မှု နှင့်အတူ Experience Myanmar Viber ချန်နယ်သည် မြန်မာနိုင်ငံအတွင်း ခရီးသွားလာခြင်းနှင့် ပတ်သက်၍ အသုံးပြုသူများ ရရှိလိုသည့် ဝန်ဆောင်မှုများအားလုံးကို တစ်နေရာတည်းတွင် သိရှိစီစဉ်နိုင်ရန် ကူညီ ပံ့ပိုးပေးသွားမည် ဖြစ်သည်။
.
,
အခမဲ့ အသုံးပြုနိုင်သည့်အပြင် ၎င်း၏ မြင့်မားသော လုံခြုံရေးစနစ်များကြောင့် လူကြိုက်များသည့် Viber သည် ပြီးခဲ့သည့် နှစ်များအတွင်း ကမ္ဘာတဝန်းရှိ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် လိုအပ်သည့် ခရီးသွား ဝန်ဆောင်မှုများအား ၎င်း၏ ပလက်ဖောင်းမှတဆင့် ချိတ်ဆက်ကူညီပေးလျက်ရှိသည်။ အလားတူပင် မြန်မာနိုင်ငံ တွင်လည်း ခရီးသွားကဏ္ဍအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်နှင့် ခရီးသွားလာမှုနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအား တစ်နေရာတည်းတွင် လွယ်ကူစွာ ရရှိနိုင်စေရန်ဟူသော ရည်ရွယ်ချက်များ ဖြင့် ဤကဲ့သို့ Viber ချန်နယ်နှင့် Chatbot တို့အား Flymya နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
.
.
“သုံးစွဲသူတွေ ပိုမိုအဆင်ပြေ လွယ်ကူမှု ရှိစေဖို့ဆိုတာက ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပြီး ဒါကြောင့်လည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ အပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ဆန်းသစ် ဖန်တီးနေပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူပြည်သားတွေဟာ တစ်ကယ့်ကို ခင်မင်နှစ်လိုဖွယ်ကောင်းပြီး ကျွန်တော်တို့ရဲ့ အခု ပူးပေါင်း ဆောင်ရွက်မှု ကတဆင့် မြန်မာနိုင်ငံကို ခရီးသွားဝင်ရောက်မှု ပိုမိုမြင့်မားလာစေဖို့၊ မြန်မာနိုင်ငံရဲ့ အလှအပတွေကို ပိုပြီး ခံစားသွားနိုင်စေဖို့ ကူညီပေးသွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ Viber ချန်နယ်တွေကို အသုံးပြု ရတာ ကြိုက်နှစ်သက်တဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အတွက်လည်း နောက်ထပ် ဆန်းသစ်ဖန်တီးမှု တွေကို ဆက်လက် လုပ်ဆောင်သွားနေမှာဖြစ်ပါတယ်” ဟု Rakuten Viber Shares ၏ Senior Director for APAC ဖြစ်သူ David Tse မှ ပြောကြားခဲ့သည်။
.
ဤကဲ့သို့ မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအားလုံးအား Viber ဂေဟစနစ် တစ်ခုတည်းအတွင်းမှ ရယူ အသုံးပြုနိုင်စေရန် လုပ်ဆောင်လိုက်သည့်အတွက် အသုံးပြုသူများအတွက်လည်း ယခင်ကထက် များစွာ အဆင်ပြေ လွယ်ကူသွားမည် ဖြစ်သည်။ သုံးစွဲသူများအနေနှင့် အဆိုပါ Viber ချန်နယ်မှတဆင့် ခရီးသွားလာမှုနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများ၊ အကြောင်းအရာများကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည့် အပြင် Experience Myanmar Bot မှတစ်ဆင့်လည်း ဝန်ဆောင်မှု ပေးအပ်သည့် အေးဂျင့်များနှင့် တွေ့ဆုံဆွေးနွေးသွား နိုင်မည် ဖြစ်သည်။ ထို့အပြင် ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များအား booking ပြုလုပ်ခြင်း၊ ဘတ်စ်ကား လက်မှတ်များဝယ်ယူခြင်းနှင့် နေထိုင်မည့်ကာလအလိုက် ဟိုတယ် Reservation ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။
အလားတူပင် အသုံးပြုသူများ အနေနှင့် ခရီးစဉ်နှင့်ပတ်သက်သည့် အရေးကြီးသော သတင်း အချက်အလက်နှင့် အကြောင်းအရာများ ကိုလည်း ချန်နယ်တွင် ရှာဖွေသိရှိနိုင်မည် ဖြစ်သည်။ ယခုနှစ် အစောပိုင်းကတည်းက စတင် ခဲ့သည့် Experience Myanmar Viber ချန်နယ်မှတဆင့် သုံးစွဲသူများသည် နေ့စဉ်ခရီးသွားဆိုင်ရာသတင်းများ၊ မဖြစ်မနေသွားရောက်သင့်သည့်နေရာများ၊ ခရီးသွားဆိုင်ရာ စစ်တမ်းများ (Polls)၊ ဉာဏ်စမ်းပဟေဠိများ (Quizzes) နှင့် အထူးသီးသန့်ခရီးသွားပက်ကေ့ချ်များ၊ အထူးပရိုမိုးရှင်းများကို သိရှိရယူသွားနိုင်မည် ဖြစ်သည်။
“မြန်မာနိုင်ငံတွင်း ခရီးသွားလာခြင်းကို စိတ်ဝင်စားသူ အဖွဲ့ဝင် ထောင်ပေါင်းများစွာရှိတဲ့ ကျွန်တော်တို့ Flymya ရဲ့ Experience Myanmar Viber ချန်နယ်ကနေတဆင့် ခရီးသွားလာခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေအပြင် မြန်မာနိုင်ငံရဲ့ သဘာဝ အလှတရားတွေနဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကို လူတွေ ပိုပြီးသိရှိလာစေဖို့ အတွက်လည်း နေ့စဉ်နဲ့အမျှ တင်ဆက်ပေးနေပါတယ်။ နေ့စဥ်တိုင်းမှာ ကျွန်တော်တို့ရဲ့ Viber ချန်နယ်ကနေ တဆင့် မြန်မာနိုင်ငံတွင်းမှာ လည်ပတ်ကြည့်ရှုသင့်တဲ့နေရာတွေနဲ့အဲဒီနေရာတွေကို အဆင်ပြေလွယ်ကူမှု အရှိဆုံး ဘယ်လိုသွားရောက် လည်ပတ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း အချိန်နဲ့တပြေးညီ မျှဝေပေးနေတဲ့အပြင် Experience Myanmar Bot နဲ့ Flymya Customer Service Team က အဖွဲ့သားတွေအနေနဲ့ ခရီးသွားတွေ အတွက် အဆင်ပြေလွယ်ကူမှု အရှိဆုံး ခရီးစဉ်တွေကိုလည်း Viber ကနေတဆင့် စိတ်တိုင်းကျ စီစဉ်နိုင်စေဖို့ အကောင်းမွန်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ Flymya အနေနဲ့ အခုလို Viber နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို တစ်ဖက်တစ်လမ်းက ထောက်ပံ့နိုင်တဲ့အတွက်လည်း တစ်ကယ့်ကို ဝမ်းမြောက်မိပါတယ်” ဟု Flymya ၏ CEO ဖြစ်သူ Tim Duits မှ ပြောကြားခဲ့ပါသည်။
.
.
လက်ရှိ သုံးစွဲသူပေါင်း ၅ သိန်းကျော် ရှိနေပြီ ဖြစ်သည့် Experience Myanmarချန်နယ်မှတဆင့် သုံးစွဲသူများ အနေနှင့် နေ့စဉ် ခရီးသွားလာမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဘွတ်ကင်ပြုလုပ်မှုများအတွက် အထူး ခံစားခွင့်များနှင့် 24/7 Customer Service ဝန်ဆောင်မှုများကို ရရှိသွားနိုင်မည် ဖြစ်သည်။ အလားတူပင် Experience Myanmar ၏ Chatbot ကိုလည်း သြဂုတ်လ (၂၉) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး ဖြစ်သည့်အတွက် ခရီးသွားများ အနေနှင့် ခရီးသွားရာသီမတိုင်ခင်တွင်ပင် ၎င်းတို့၏ ခရီးစဉ်များကို အခက်အခဲမရှိ စနစ်တကျ စီစဉ်သွားနိုင်မည် ဖြစ်သည်။