Transportation

ဥရောပ-တရုတ် ကုန်ရထား ဩဂုတ်လတွင် ကွန်တိန်နာ ၁ သိန်းခွဲကျော် ပို့ဆောင်

ဥရောပ-တရုတ် ကုန်ရထား ဩဂုတ်လတွင် ကွန်တိန်နာ ၁ သိန်းခွဲကျော် ပို့ဆောင်

ဥရောပ-တရုတ် ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှုသည် ၂၀၂၂ ဩဂုတ်လတွင် စံချိန်တင် ခေါက်ရေ ၁,၅၈၅ ခေါက် ပြေးဆွဲ နိုင်ခဲ့ကြောင်း China State Railway Group Co., Ltd. က ထုတ်ပြန်ကြေညာပါသည်။

 

China-Europe_freight.png

 

ရထားတွဲပေါ်တွင် ကွန်တိန်နာများဖြင့် ကုန်စည်များကို ပို့ဆောင်ဖြစ်ရာ ၂၀၂၂ ဩဂုတ်လတွင် ၁၅၄,၀၀၀ TEU(20-foot equivalent unit) ပို့ဆောင်ပေးခဲ့သည်။

ယခင်နှစ် ဩဂုတ်လထက် ယခုနှစ် ဩဂုတ်လတွင် ၁၉% ပိုမိုပို့ဆောင်ခဲ့သည်။

China-Europe_freight.jpg

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လတာအတွင်း ဥရောပ-တရုတ် ကုန်စည်ပို့ဆောင်ရေး ရထား ခေါက်ရေ ၁၀,၅၇၅ ခေါက် ပြေးဆွဲခဲ့ပါသည်။ ကုန်စည်ပမာဏ TEU ၁.၀၂ သန်း ပို့ဆောင်ခဲ့ပါသည်။ ယခင်နှစ် အလားတူကာလထက် ၆% ပိုများပါသည်။

Source: Xinhua

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)