Transportation

အိန္ဒိယနိုင်ငံ၏ပထမဆုံးပြည်တွင်း လေယာဥ်တင်သင်္ဘော ဗီဂရန့်တ်

၁၃ နှစ်ကြာ တည်ဆောက်မှုတွေအပြီးမှာ အိန္ဒိယနိုင်ငံအဖို့ သမိုင်းဝင် အဖြစ်တခုဖြစ်တဲ့ သူ့ရဲ့ ပထမဆုံး ပြည်တွင်းမှာ တည်ဆောက်တဲ့ လေယာဥ်တင် သင်္ဘော ဗီဂရန့်တ် (Vikrant) ကို စက်တင်ဘာလ (၂) ရက်နေ့က တောင်ပိုင်း ကာလာရာပြည်နယ်မှာ အခမ်းအနားနဲ့ ရေချလိုက်ပြီး ဒီပွဲကို ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ တက်ရောက်ခဲ့ပါတယ်။ ။ အခုဆိုရင် အိန္ဒိယဟာ လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်တဲ့ နိုင်ငံစာရင်းထဲ ဝင်သွားပါပြီ။

 

vik5.JPG

 

 

အိုင်အန်အက်စ် (INS - Indian Naval Ship) ဗီဂရန့်တ် လေယာဉ်တင်သင်္ဘောသည်အလေးချိန် တန်ပေါင်း ၄၅,၀၀၀ ရှိပြီး သင်္ဘောရဲ့ အရှည်က ၈၆၀ ပေ၊ အမြင့်က ၁၉၇ ပေ ရှိကာ အိန္ဒိယ နိုင်ငံသား တွေ ကိုယ်တိုင် ဒီဇိုင်းဆွဲ၊ ကိုယ်တိုင် တည်ဆောက်ခဲ့ကြတဲ့ ပထမဆုံးသော လေယာဉ်တင် သင်္ဘောပါ။ တိုက်လေယာဥ်တွေ၊ စစ်ရဟတ်ယာဉ်တွေ အစင်း ၃၀ လောက် တင်နိုင် ပါတယ်။

အိန္ဒိယ ရူပီး ၂၀၀ ဘီလျံ (အမေရိကန် ‌ဒေါ်လာ ၂.၅ ဘီလျံ) လောက် ကုန်ကျတဲ့ ဗီဂရန့်တ်ကို ၂၀၁၇ ခုနှစ်မှာ အိန္ဒိယ ရေတပ်လက်ထဲ အပ်နှင်းနိုင်မယ်လို့ မှန်းဆခဲ့ကြတာပါ။ ဒါပေမယ့် တည်ဆောက်ရေး ဒုတိယအဆင့်ကို အချိန်ရွှေ့ဆိုင်းခဲ့ကြရပါတယ်။ 

 

vik.JPG

 

vik8.JPG

 

ဝါရင့် အင်ဂျင်နီယာ အရာရှိ ရေတပ် ဗိုလ်မှူး ဆိုင်း ကရစ်ရှ်နန်က ရှင်းပြချက်အရ၊ သင်္ဘောရဲ့ ဗဟိုချက်မ ဖြစ်တဲ့ အင်ဂျင် ထိန်းချုပ်ရေး စက်ခန်း ကနေ ဒီ သင်္ဘောကြီး ရွေ့လျားသွားနိုင်အောင် တာဘိုင် အင်ဂျင်တွေကို မောင်းနှင်တာဖြစ်ပြီး အင်ဂျင် ၄ လုံးစလုံး အတူမောင်းမယ်ဆိုရင် ၈၈ မီဂါဝပ် (MW) ထိ စွမ်းအားထုတ်လာနိုင်ကာ ဒီပမာဏဟာ မြို့တခုကို လုံလောက်တဲ့ လျှပ်စစ်စွမ်းအင် ပေးနိုင်ပါတယ်။ ကော်ဖီ‌ဖျော်စက်တွေ၊ ခုံတွေ၊ စားပွဲတွေနဲ့ တခြား ပစ္စည်းတွေပါတဲ့ စားဖိုခန်းနဲ့ စားသောက်ခန်း ၃ ခန်း ရှိပါရှိပြီး စုစုပေါင်းက လူပေါင်း ၆၀၀ လောက်ကို တချိန်တည်းမှာ ကျွေးမွေးနိုင်ပါတယ်။ သင်္ဘောပေါ်မှာ ခွဲစိတ်ခန်း နဲ့ အထူးကြပ်မတ်ကုသခန်း ၂ ခန်းလည်းပါတဲ့ ၁၆ ကုတင်ဆန့် ဆေးရုံ ရှိပါတယ်။ လေယာဥ်ရုံထဲမှာတော့ ရုရှားလုပ် မစ် - ၂၉ ကေ (MiG-29K) တိုက်လေယာဉ်နဲ့ ကမော့ - ၃၁ (Kamov-31) ရဟတ်ယာဥ်ကို သင်္ဘောပဲ့ပိုင်းဘက်ဆီကို ဦးတည်ရပ် ထားတဲ့ပုံနဲ့ တွေ့ရပါတယ်။

 

vik3.JPG

 

အခုလက်ရှိမှာတော့ ဗီဂရန့်တ်ဟာ ရေချပွဲအခမ်းအနား ကျင်းပရာနေရာလည်းဖြစ်၊ သူ့ကို တည်ဆောက် ခဲ့တဲ့နေရာလည်းဖြစ်တဲ့ ကာရာလာ ပြည်နယ်အတွင်းက အစိုးရပိုင် ကိုချင် သင်္ဘောကျင်းမှာ ရှိပါတယ်။ စတာဝန်ထမ်းဆောင်လာရင်တော့ သင်္ဘောသား ၁,၇၀၀ နေထိုင် လုပ်ကိုင်နိုင်မယ့် နေရာဖြစ်လာမှာပါ။

 

vik7.JPG

 

 

ဒီနှစ် နှောင်းပိုင်းလောက်မှာ ဒီသင်္ဘောကနေ လေယာဥ်တွေ အများအပြား ပျံတက်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဖို့ ရေတပ်က အစီအစဥ်ဆွဲထားပါတယ်။

 

vik6.JPG

 

 “ကျွန်တော်တို့ လေယာဉ်တွေအတွက် ကုန်းပတ်က ၁၂,၅၀၀ စတုရန်းမီတာလောက် (ဟော်ကီကွင်း ၂ ကွင်းခွဲစာ) ကျယ်ပါတယ်။ တိုက်လေယာဥ် ၆ စင်း၊ ရဟတ် ယာဥ် ၆ စင်း တပြိုင်နက် တာဝန်ထမ်းနိုင်ပါတယ်” လို့ လေယာဥ် ကုန်းပတ် အရာရှိ ရေတပ်ဗိုလ်မှူး ဆစ်ဒတ် ဆန်နီက ပြောပါတယ်။

Source: BBC

 

 

youtube1.jpg

Read times
Rate this item
(0 votes)