Transportation

ထွက်ခွာခရီးသည်များအတွက် အခွန်အခများ ချန်ဂီလေဆိပ် တိုးမြှင့် သတ်မှတ်

ထွက်ခွာခရီးသည်များအတွက် အခွန်အခများ ချန်ဂီလေဆိပ် တိုးမြှင့် သတ်မှတ်

 

ချန်ဂီလေဆိပ်မှ ထွက်ခွာမည့် ခရီးသည်များသည် တိုးမြှင့်သတ်မှတ်ထားသော အခကြေးငွေနှင့် အခွန်အခများကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါ အခွန်အခများထဲတွင် လေကြောင်းဆိုင်ရာ စည်းကြပ်ခွန်သည် ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ချန်ဂီလေဆိပ်မှ ထွက်ခွာမည့် လေယာဉ်ခရီးသည်များသည် လက်ရှိတွင် ဝန်ဆောင်ခ S$ 52.30 ပေးရသည်။ 

ခရီးသည်ဝန်ဆောင်မှုနှင့် လုံခြုံရေး အခကြေး passenger service and security fee (PSSF)

နှစ်ရပ်ပေါင်း S$6.10 ၊ လေကြောင်းခွန် aviation levy အတွက် S$6.10 နှင့် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးစည်းကြပ်ခွန် airport development levy  S$10.80 တို့ပါဝင်သည်။

 

ယခုနှစ် နိုဝင်ဘာ ၁ ရက်မှ နောက်နှစ် မတ်လ ၃၁ ရက်အထိ ကျသင့်ငွေပမာဏ စုစုပေါင်း S$59.20 ဖြစ်မည်။ PSSF ကို S$40.40 ဟု တိုးမြှင့် သတ်မှတ်သည်။ လေကြောင်းခွန်ကို S$8 ဟု တိုးမြှင့်သတ်မှတ်သည်။ 

 

odpopopopoji.jpg

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ မတိုင်မီ ထုတ်ပေးထားသော လေယာဉ်လက်မှတ်များ  ခရီးသည်များသည် အခွန်အခ နှုန်းထားအသစ်ကို ပေးဆောင်ရန် မလိုပါ။

 

PSSF သည် လာမည့် ဧပြီလ ၁ ရက်၊ ၂၀၂၃ မှ  ဧပြီ ၁ ရက်၊ ၂၀၂၄ အထိ ကာလအတွက် ထပ်မံတိုးမြှင့် သတ်မှတ်ရန် အစီအစဉ် ရှိသည်။

 

ယခုလို တိုးမြှင့်သတ်မှတ်ရန် ၂၀၂၈ ခုနှစ်တွင် ကြေညာခဲ့သည်။ ထို့နောက် COVID-19 ကပ်ဘေးကြောင့် ဆိုင်းငံ့ထားခဲ့ပါသည်။



၎င်းသည် လွန်ခဲ့သည့် ၁၃ နှစ်က ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည့် လေကြောင်းဆိုင်ရာ စည်းကြပ်မှုအပေါ် ပထမဆုံးအကြိမ် ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်ပါသည်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

 ချန်ဂီလေဆိပ် T2 မြန်မာအပါအဝင် ထွက်ခွာခရီးစဉ်များ အောက်တိုဘာတွင် ပြန်လည်စတင်မည်

 

 

Source CNA

#MyanmarLogisticsGuide

Read times
Rate this item
(0 votes)