LNG သင်္ဘော ပို့ဆောင်ခ တစ်ရက်လျှင် ဒေါ်လာ တစ်သိန်းအထက်သို့ မြင့်တက်
ပုံမှန်အားဖြင့် ဥရောပ ဆောင်းကာလတွင် အပူဓာတ်ရဖို့ စွမ်းအင် တင်သွင်းမှု မြင့်တက်သဖြင့် ရေနံစိမ်း၊ သန့်စင်ပြီး ရေနံထုတ်ကုန်များနှင့် သဘာဝဓာတ်ငွေ့ရည် (liquefied natural gas LNG) များ တင်ဆောင်သော သင်္ဘောများအတွက် နှုန်းထားများကို မြင့်တက်စေပါသည်။
ယခုနှစ်တွင် နွေကာလမှာကတည်းက အဆိုပါသင်္ဘောများအတွက် နှုန်းထားများက မြင့်တက်နေခဲ့ရာ ယခင်ဆောင်းကာလ နှုန်းထားများသို့ နွေရာသီမှာ ကတည်းက ရောက်ရှိနေသည်။ LNG ရေကြောင်းပို့ဆောင်ရေးသည် ရုရှားစစ်ပွဲကြောင့် နှုန်းထားများ မြင့်တက်သည်။ ဥရောပသည် နီးနီးနားနား ရုရှားထံမှ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပေးပို့သည်ကို အားကိုးအားထား မပြုနိုင်တော့သဖြင့် အမေရိကန်မှ သဘာဝဓာတ်ငွေ့များ တင်သွင်းသည်။
LNG သင်္ဘောများ အမေရိကန် ဥရောပ ခရီးတို ခရီးစဉ်များ ပြေးဆွဲကြသည်။ အမေရိကန် သဘာဝဓာတ်ငွေ့ အများစုသည် ဥရောပဈေးကွက်သို့ ရောက်ရှိသည်။ ထို့ပြင် LNG သင်္ဘောများသည် အာရှဆီသို့ ခရီးရှည်ကိုလည်း ပြေးဆွဲကြသည်။
အမေရိကန်မှ ရောင်းချသည့် LNG တင်ဆောင်ထားသည့် သင်္ဘောများ၏ စက်တင်ဘာလ ၁၃ ရက် အင်္ဂါနေ့ မွန်းလွဲပိုင်း တည်နေရာများ
Clarksons Securities မှ အချက်အလက် ဆန်းစစ်သူ Frode Mørkedal က "LNG ပို့ဆောင်ရေး သင်္ဘောကဏ္ဍ စီးပွားတက်နေတယ်"ဟု ပြောကြားသည်။ tri-fuel diesel engine (TFDE) သုံး LNG သင်္ဘောငှားရမ်းခ ပေါက်ဈေး တစ်ရက် ကန်ဒေါ်လာ ၁၀၁,၇၀၀ အထိ ရောက်ရှိလာသည်။
MEGI သို့မဟုတ် XDF ဟု ခေါ်ဝေါ်ကြသည့် two-stroke-engine သုံး LNG သင်္ဘောပေါက်ဈေး တစ်ရက် ကန်ဒေါ်လာ ၁၇၀,၀၀၀ အထိ မြင့်တက်သည်။ tri-fuel နှင့် two-stroke နှစ်မျိုးစလုံး နှုန်းထားများ ၆၀% ကျော် ပြီးခဲ့သည့်လတွင် မြင့်တက်သည်။ ထိုနှုန်းထားများသည် ယခင်က ဆောင်းကာလ နိုဝင်ဘာလကျမှ မြင့်တက်နေကျ ဖြစ်သော်လည်း ယခုနှစ်တွင် ဩဂုတ်လကတည်းက မြင့်တက်နေသည်။
တစ်နှစ်သက်တမ်း ချာတာစာချုပ်အတွက် TFDE LNG သင်္ဘောများ ပေါက်ဈေးသည် တစ်ရက် ကန်ဒေါ်လာ ၂၇၀,၀၀၀ ဖြစ်ပြီး two-stroke LNG သင်္ဘောများ ပေါက်ဈေးသည် တစ်ရက် ကန်ဒေါ်လာ ၂၂၀,၀၀၀ ဖြစ်သည်။ “သင်္ဘောငှားသူတွေက သင်္ဘောငှားရမ်းမှုအတွက် ဈေးအမြင့်တွေ ဈေးခေါ်လည်း ငှားရမ်းဖို့ စိတ်အားထက်သန်ကြတယ်။ ဈေးအမြင့်ပေးပြီး ငှားဖို့ ဝန်မလေးဘူး။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ကုန်စည်ဈေးနှုန်းများအရ အမေရိကန် သဘာဝဓာ်ငွေ့ ဝယ်ခွင့်ရတဲ့ ကုန်သည်တွေက ဥရောပဈေးကွက်ထဲ ပြန်ရောင်းတဲ့အခါ ပေးပိုတဲ့ တစ်ကြောင်းစာတည်းအတွက် အမြတ် ကန်ဒေါ်လာ ၁၃၃ သန်း မြတ်တယ်။ သင်္ဘောတစ်စီး ရောင်းဈေးနဲ့တွက်ရင် ၅ နှစ်သက်တမ်း TFDE အမျိုးအစား LNG သင်္ဘောတစ်စီးတန်ဖိုးရဲ့ ၇၄% နဲ့ ညီမျှတယ်" ဟု Mørkedal က ပြောကြားသည်။
Source freightwaves
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U