AirAsia X ကုန်စည်ပို့ဆောင်ရန် မြှင့်တင်ရန် Airbus လေယာဉ် ၃၆၂ စီး အားဖြည့်မည်
အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်းမှ ဇူလိုင်လတွင် ကမ္ဘာလုံးဆိုင်ရာလေကြောင်းကုန်စည်ဈေးကွက်များသည် ကပ်ရောဂါအကြိုအဆင့်သို့ ပြန်ရောက်လုနီးပါးဖြစ်လာပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ၃.၅% သာ လျော့နည်းခဲ့ကြောင်း ပြောကြားခဲ့သည်။
AirAsia X သည် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုမှဝင်ငွေကို စုစုပေါင်းဝင်ငွေ၏ ၂၀~၂၅% အထိ ဖြစ်လာအောင် ဆောင်ရွက်သွားမည်ဟု AirAsia X ၏ ယာယီအမှုဆောင်အရာရှိချုပ် Tony Fernandes က ပြောကြားသည်။
ကုန်စည်ပို့ဆောင်ရေးကို ခရီးသည်ပို့ဆောင်ရေး ခရီးစဉ်များနှင့် လိုက်လျောညီထွေဖြစ်နေအောင် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားသည်။
AirAsia X ၏ ကုန်စည်ဝန်ဆောင်မှုများမှ ရသော ဝင်ငွေသည် လာမည့်နှစ်အနည်းငယ်အတွင်း စုစုပေါင်းဝင်ငွေ၏ အချိုးအစားပိုမိုများပြားလာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
AirAsia X သည် လက်ရှိကိုယ်ထည်ကျယ်ဝန်းသော Airbus A330 လေယာဉ်များအပြင် AirAsia X သည် ကုန်တင်လေယာဉ်များအတွက် ကိုယ်ထည်ကျဉ်း Airbus A321 ကိုလည်း အသုံးပြုမည်။ ထိုအစီအစဉ်အတွက် နောက်နှစ် ဒုတိယ ၃ လပတ်မှ ၂၀၃၅ ခုနှစ်အထိ ကာလတစ်လျှောက် Airbus A321 များ ၃၆၂ စီး အားဖြည့်သွားမည်။ ခရီးတို ခရီးစဉ်များတွင် A321 က A330 ထက် အကုန်အကျ သက်သာပြီး တွက်ခြေ ပိုကိုက်သည်။
လေကြောင်းလိုင်းသည် အာရှအတွက်သာမက ဖရန့်ဖတ်နှင့် အမ်စတာဒမ်ကဲ့သို့ ဥရောပရှိ အဓိကမြို့ကြီးများကိုပါ ချိန်ရွယ်ထားသောကြောင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများ အကျုံးဝင်မည့် ခရီးစဉ်ဒေသများ ပိုများလာမည်ဖြစ်ကြောင်း Mr Fernandes က ပြောကြားသည်။
AirAsia လုပ်ငန်းစုသည် လေယာဉ် ၁၁၀ စီးဖြင့် ပျံသန်းမှုများ ပြန်လည်စတင်ခဲ့ကြောင်း၊ ရပ်နားထားရဆဲဖြစ်သည့် လေယာဉ် ၁၀၆ စီး ကျန်ရှိသေးကြောင်း ၎င်းက ပြောကြားသည်။
Source Bangkokpost
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U