Transportation

Fly Alliance က ပြည်တွင်းလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်

Fly Alliance က ပြည်တွင်းလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်

 

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း နှင့် အဲသံလွင် တို့ လေကြောင်းလိုင်း ၃ လိုင်း အကျိုးတူပူးပေါင်း ဖွဲ့စည်းထားသော  Fly Alliance အနေဖြင့် ရန်ကုန် - စစ်တွေ၊ မြိတ်နှင့် ဟဲဟိုးစသည့် ဒေသများသို့ ပြည်တွင်းလေကြောင်းခရီးစဉ် များကို ယခုစက်တင်ဘာလ အတွင်း စတင်တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်  သိရသည်။

 

လက်ရှိတွင်Fly Alliance မှ ရန်ကုန် - ထားဝယ်- ရန်ကုန် ပြည်တွင်းလေကြောင်းခရီးစဉ် ကို နေ့စဉ်ပြေးဆွဲပေးနေပြီး ယခုစက်တင်ဘာလအတွင်း 

 

  • ရန်ကုန်-စစ်တွေ-ရန်ကုန်၊

  • ရန်ကုန်- မြိတ် - ရန်ကုန်နှင့် 

  • ရန်ကုန်-ဟဲဟိုး-ရန်ကုန်

 

စသည့် လေကြောင်းခရီးစဉ်များကိုထပ်မံတိုးချဲ့ကာ နေ့စဉ်ပြေးဆွဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လေယာဉ်စီးခရီးသည်များ အနေဖြင့် Fly Alliance တွင် ပါဝင်သော မည်သည့်လေကြောင်း မဆို ဝယ်ယူထားသော လေယာဉ်လက်မှတ်များဖြင့် မိမိစီးနင်းလိုသော နေ့ရက် နှင့် လေကြောင်းလိုင်းတို့ကို ပြောင်းလဲစီးနင်းနိုင်သော အခွင့် အရေးရရှိစေရန် စီစဉ်ဆောင်ရွက် ပေးထားပါသည်။ 

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)