Transportation

၇၅ စီးမြောက် ကုန်တင်လေယာဉ် SF Express လွှဲပြောင်း ရယူ

၇၅ စီးမြောက် ကုန်တင်လေယာဉ် SF Express လွှဲပြောင်း ရယူ

 

တရုတ်နိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂလိကပိုင်လုပ်ငန်း တစ်ခုဖြစ်တဲ့ လော့ဂျစ္စတစ်နှင့် ချောထုပ်အမြန်ပို့ ဝန်ဆောင်မှုလုပ်ငန်းကြီး SF Express ရဲ့ အကိုင်းအခက်တစ်ခုဖြစ်တဲ့  SF Airlines က နောက်ထပ် Boeing 767-300 ကုန်တင်‌ေလယာဉ်တစ်စီးကို လွှဲ‌ေပြာင်းရယူပြီး ၎င်းရဲ့ လေယာဉ်စုမှာ ထပ်တိုးလိုက်တဲ့အတွက် ယခုအခါ SF Airlines မှာ ကုန်တင်လေယာဉ် စုစုပေါင်း ၇၅ စီး ရှိသွားပါပြီ။

နောက်ဆုံးထပ်တိုးတဲ့ လေယာဉ်မှာ Boeing 767-300 ကုန်တင်လေယာဉ်ဖြစ်ပြီး SF Airlines တွင် ယခုနှစ်မှာ ၇ စီးမြောက် ထပ်တိုးတဲ့ ကုန်တင်လေယာဉ် ဖြစ်ပါတယ်။

၎င်းလေယာဉ်ကို ဘီကျင်း-ရှန်ကျန်း ခရီးစဉ်အတွက် အသုံးပြုပါတယ်။ 

 

SF_Express_334.png

 

SF Airlines Boeing 767-300 ကုန်တင်လေယာဉ် ကုန်တင်နေစဉ်

 

SF Airlines လေယာဉ်စုတွင် ထက်ဝက်‌ေကျာ်မှာ Boeing 757-200 လေယာဉ်များ ဖြစ်ပါတယ်။ စုစုပေါင်း ၃၉ စီး ရှိပါတယ်။ 

၂၀၂၂ မှာ Boeing 767-300 ၄ စီးအထိ ရှိလာပြီ ဖြစ်ပါတယ်။

 

SF Airlines က   ပထမဆုံး Boeing 767-300 BCF ကို စင်ကာပူမှာ၂၀၁၅ ဒီဇင်ဘာလ ၁၈ ရက်မှာ လွှဲပြောင်းလက်ခံ ရယူခဲ့ပါတယ်။

 

 SF Express ဟာ တရုတ်ပြည်ရှိ လေကြောင်းကုန်စည် ပို့ဆောင်ရေး ကုမ္ပဏီများအနက် Boeing 767-300 ကို ပထမဆုံး ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

SF Express ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်တွင် ကိုယ်ပိုင်ကုန်တင်လေယာဉ်များဖြင့် လုပ်ကိုင်ဖို့  SF Airlines ကို  တည်ထောင်ရန် ၂၀၀၉ ခုနှစ်တွင်ဆုံးဖြတ်ခဲ့ပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။

 

တရုတ်ပြည်တွင်း‌ဈေးကွက်မှာ JD Airlines, YTO Express Airlines, China Postal Airlines တို့ဟာ SF Express ရဲ့ လုပ်ငန်းတူ အဓိကပြိုင်ဘက်များရဲ့ လေကြောင်းကုန်စည် လေကြောင်းလိုင်းများ ဖြစ်ပါတယ်။

Source simpleflying

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)