Transportation

၂၀၂၂ ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်း (၂၀) စာရင်း ထုတ်ပြန်ကြေညာ

၂၀၂၂ ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်း (၂၀) စာရင်း ထုတ်ပြန်ကြေညာ

 

နှစ်စဉ် ကျင်းပတဲ့ Skytrax World Airline Awards for 2022 ဆုချီးမြှင့်ပွဲမှာ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းများ ထိပ်တန်း(၂၀) စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

Skytrax ဟာ  ယူကေအခြေစိုက် လေကြောင်းလိုင်းနှင့် လေဆိပ် သုံးသပ်ချက်နှင့် အဆင့်သတ်မှတ်တဲ့ ဝဘ်ဆိုက်ဖြစ်ပါတယ်။ 

ကမ္ဘာ့လက်ရှိအနှစ်သက်ဆုံးလေကြောင်းလိုင်းကိုရှာဖွေရန် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ရုရှား၊ ဂျပန်နှင့် တရုတ်ဘာသာစကားများဖြင့် လေကြောင်းလိုင်း ၃၅၀ ကျော်အတွက်  ခရီးသည် ၁၄ သန်းကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ 

 .

 .

 Skytrax ထိပ်တန်း(၂၀) လေကြောင်းလိုင်းများ

1. Qatar Airways

2. Singapore Airlines

3. Emirates

4. ANA (All Nippon Airways)

5. Qantas Airways

6. Japan Airlines

7. Turkish Airlines

8. Air France

9. Korean Air

10. Swiss International Air Lines

11. British Airways

12. Etihad Airways

13. China Southern Airlines

14. Hainan Airlines

15. Lufthansa

16. Cathay Pacific

17. KLM

18. EVA Air

19. Virgin Atlantic

20. Vistara

.

ပထမနေရာကို ရရှိတဲ့ Qatar Airways ဟာ ဆုချီးမြှင့်ခြင်း စတင်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှစ၍ ယခုနှစ်အထိ  ပထမ ရတာ ၇ ကြိမ် ရှိပါပြီ။ ကာတာနိုင်ငံ‌ေတာ်အလံ သယ်ဆောင်တဲ့ Qatar Airways က Best Business Class, Best Business Class Seat and Best Business Class Lounge Dining အပါအဝင် ဆု ၈ ခု ရရှိပါတယ်။

.

ကမ္ဘာ့ ဒုတိယအကောင်းဆုံး လေကြောင်းလိုင်း  Singapore Airlines က Best Cabin Staff, Best First Class, Best First Class Seat and Best First Class Catering အပါအဝင် ဆု ၉ ခု ရရှိပါတယ်။

.

ယူအေအီး နိုင်ငံတော်အလံ သယ်ဆောင်တဲ့  Emirates က တတိယနေရာ ရရှိပြီး Best Inflight Entertainment, Best Economy Class, Best Economy Class Catering and Best Premium Economy Class Seat ဆုများကိုလည်း ရရှိပါတယ်။

.

စတုတ္ထနေရာမှာ ဂျပန်မှ  ANA (All Nippon Airways) က World's Cleanest Airline, Best Airport Services အပါအဝင် ဆု ၅ ခုကိုလည်း ရရှိပါတယ်။ 

Source CNN

#MyanmarLogisticsGuide 

To join Telegram Channel  https://t.me/Guid4U

 

Read times
Rate this item
(0 votes)