Transportation

Singapore Airlines လေယာဉ် ဗုံးလန့်သဖြင့် တိုက်လေယာဉ်များ ခြံရံပေးခဲ့ရ

Singapore Airlines လေယာဉ် ဗုံးလန့်သဖြင့် တိုက်လေယာဉ်များ ခြံရံပေးခဲ့ရ

.

ဆန်ဖရန်စစ္စကိုမှ စင်ကာပူလေကြောင်းလိုင်း၏ ခရီးစဉ်အတွင်း ခရီးသည်တစ်ဦးသည် ၎င်း၏ လက်ကိုင်အိတ်အတွင်း ဗုံးပါကြောင်း ပြောဆိုကာ လေယာဉ်အမှုထမ်းများကို ရန်ပြုပြီးနောက်  အဆိုပါလေယာဉ်ကို တိုက်လေယာဉ်များ ခြံရံလိုက်ပါလာခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

.

maxresdefault.jpg

.

ဗုဒ္ဓဟူးနေ့(စက်တင်ဘာလ ၂၈)တွင် စင်ကာပူ ဒေသစံတော်ချိန် နံနက် ၆ နာရီ မထိုးမီတွင် ကျယ်လောင်သော တိုက်လေယာဉ်နှစ်စင်း ဖြတ်သွားသည်ကို ချန်ဂီလေဆိပ် အနီးနားတွင် နေထိုင်သူများမှ ကြားကြရသည်။  ပထမတစ်စီး ပျံသန်းသွားပြီးနောက် နောက်ထပ် လေယာဉ်တစ်စီး ပျံသန်းသည်ကို ကျယ်ကျယ်လောင်လောင် ကြားရကြောင်း သတင်းဌာနသို့ ပြောကြားသည်။

.

စင်ကာပူလေကြောင်းလိုင်း Flight 33 သည် ချန်ဂီလေဆိပ်သို့ နံနက် ၅ နာရီ ၅၀ မိနစ်တွင် ဘေးကင်းစွာ ဆင်းသက်ခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

 အဆိုပါ လေယာဉ်အား လုံခြုံရေးစစ်ဆေးမှုအတွက် လေဆိပ်မှ အဝေးသို့  ဆွဲခေါ်သွားသည်။  စစ်ဆေးပြီးသောအခါ လေဆိပ်သို့ ပြန်ဆွဲခေါ်လာခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ 

.

ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအားလုံး ပုံမှန်အတိုင်း လေယာဉ်ပေါ်မှ ဆင်းသက်ခဲ့ကြသည်။

.

အသက် ၃၇ နှစ်အရွယ် ခရီးသည်အမျိုးသားကို လေယာဉ်အမှုထမ်းမှ တားမြစ်နိုင်ခဲ့သည်။ ၎င်းခရီးသည် အမျိုးသားကို  အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးဥပဒေများဖြင့် ဖမ်းဆီးခဲ့သည်။ ၎င်းခရီးသည်သည် မူးယစ်ဆေးဝါး သုံးစွဲထားပုံရသည်ဟု ရဲက ပြောကြားသည်။ အမှုကို ဆက်လက်စုံစမ်း စစ်ဆေးနေသည်။ 

 

Annotation_2022-09-28_182401.jpg

 

အခင်းဖြစ်ပွားသည့် လေယာဉ်မှာ အဲယားဘတ်စ် SE A350 ကိုယ်ထည်အကျယ် ဂျက်လေယာဉ် ဖြစ်ပြီး ၎င်း၏ ခရီး၏ ခရီးစဉ်တ်လျှောက် ပုံမှန် ပျံသန်းသည့် လမ်းကြောင်းအတိုင်း ပျံသန်းခဲ့သည်။  စင်ကာပူ အရှေ့မြောက်ကမ်းရိုးတန်းမှ ပင်လယ်ပြင်ပေါ်တွင် ပျံဝဲနေပြီး နောက်ဆုံးတွင် ဆင်းသက်ခြင်းမပြုမီ အနိမ့်သို့ အကြိမ်ကြိမ်ဆင်းခဲ့ကြောင်း Flightradar24.com မှ အချက်အလက်များအရ သိရသည်။

.

ဗုံးအတု ခြိမ်းခြောက်မှုများသည် လေကြောင်းခရီးစဉ်များတွင် ကြုံရလေ့ ရှိသည်။ 

.

မြေပြင်ထိန်းချုပ်ရေးစခန်းးထံမှ အမိန့်များကို လေယာဉ်ထံမှ မတုံ့ပြန်သည့်အခါတွင် ဖြစ်စေ၊ လေယာဉ်သည် ၎င်း၏ ခွင့်ပြုထားသော လမ်းကြောင်းမှ သွေဖီပြီး ပျံသန်းလျှင် ဖြစ်စေ ယေဘုယျအားဖြင့် တိုက်လေယာဉ်များကို အသုံးပြုကြသည်။

.

ဇူလိုင်လတွင်  EasyJet Plc ၏လေယာဉ်တစ်စီး စပိန်နိုင်ငံသို့  ပျံသန်းစဉ် ဗြိတိန်ဆယ်ကျော်သက်တစ်ဦးသည် ဆိုရှယ်မီဒီယာပေါ်တွင် ဗုံးခြိမ်းခြောက်မှု ပြုလိုက်ပြီးနောက် တိုက်လေယာဉ်တစ်စီး အတူလိုက်ပါပေးခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ 

Source Bloomberg

#MyanmarLogisticsGuide

To join Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)