Transportation

အိန္ဒိယ ပြည်တွင်းဖြစ် တတိယမြောက် မြန်နှုန်းမြင့် ရထား စတင်ပြေးဆွဲ

အိန္ဒိယ ပြည်တွင်းဖြစ် တတိယမြောက် မြန်နှုန်းမြင့် ရထား စတင်ပြေးဆွဲ

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

အိန္ဒိယနိုင်ငံ ရထားလမ်းကွန်ရက်ကို ခေတ်မီစေရန် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်တတိယမြောက် အိန္ဒိယပြည်တွင်းဖြစ် အမြန်ရထားကို ဂူဂျာရတ်ပြည်နယ်မှာ စတင်ပြေးဆွဲပါတယ်။

အဓိကကျသည့် စက်မှုလုပ်ငန်းနှင့် စီးပွားရေးမြို့ကြီးများအားလုံးကို ချိတ်ဆက်နိုင်ရန် ၂၀၂၃ ခုနှစ် ဩဂုတ်လ နောက်ဆုံးထားပြီး Vande Bharat Express ရထား ၇၅ စီး ပြေးဆွဲဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

 အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

ရထားတွေက အမြန်ဆုံး တစ်နာရီ ကီလိုမီတာ ၁၆၀ အထိ ပြေးနိုင်ပါတယ်။ အိန္ဒိယ လူစီးရထားများရဲ့ ပျမ်းမျှအမြန်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၅၀ ဝန်းကျင်ဖြစ်ပါတယ်။ ကုန်တင်ရထားများရဲ့ ပျမ်းမျှအမြန်နှုန်းမှာ တစ်နာရီ ၂၅ ကီလိုမီတာ ဖြစ်ပါတယ်။

Vande Express ရထားတစ်စီးမှာ ၁၆ တွဲ ပါပြီး ခရီးသည် ၁,၁၂၈ ဦး လိုက်ပါနိုင်ပါတယ်။ 

Vande Express ရထားတွေကို တစ်စီးပြီးတစ်စီး ထုတ်လုပ်လျက်ရှိရာ တစ်စီးထက် တစ်စီး အရည်အသွေး ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် တတိယမြောက် မြန်နှုန်းမြင့်ရထားက ယခင်ရထားများထက် အလေးချိန် ၃၈ တန် ပိုပေါ့ပါတယ်။ ရထားလမ်း ရေကြီးနေချိန် ရေအနက် ၂ ပေကို ဖြတ်သန်းခုတ်မောင်းနိုင်ပါတယ်လို့ ရထားထုတ်လုပ်တဲ့ Integrated Coach Factory မှ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားပါတယ်။ စက်ရုံက နိုင်ငံပိုင် စက်ရုံဖြစ်ပြီး ချန်နိုင်းမြို့မှာ တည်ရှိပါတယ်။ 

အိန္ဒိယနိုင်ငံတွင် အပြည့်အဝ ဒီဇိုင်းထုတ်ထားပြီးပြည်တွင်းဖြစ် ပစ္စည်းများ ၈၀% ပါဝင်ပါတယ်။

 ရူပီး ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၁၃၅ သန်း) ခန့် ကုန်ကျပါတယ်။

တတိယမြန်နှုန်းမြင့် အမြန်ရထားက အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းနှင့် ဂူဂျာရပ်ပြည်နယ်မြို့တော် ဂန္ဒီနာဂါမြို့တို့အကြား ပြေးဆွဲပါတယ်။ 

ယခင်က ရထားစီးရင် အချိန်ကြာလို့ လေယာဉ်စီးကြတဲ့ လုပ်ငန်းရှင်တွေ ယခုအခါ မြန်နှုန်းမြင့်ရထားကို စီးကြတယ်လို့ ဂူဂျာရပ် စက်မှုကုန်သည်အသင်း ဥက္ကဋ္ဌ Pathik Patwari က ပြောကြားပါတယ်။

Source Bangkokpost 

#MyanmarLogisticsGuide 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

Read times
Rate this item
(1 Vote)