Transportation

ထိုင်းလေကြောင်း လေယာဉ်များ ရောင်းချမည့် အစီအစဉ် ရုပ်သိမ်း

ထိုင်းလေကြောင်း လေယာဉ်များ ရောင်းချမည့် အစီအစဉ် ရုပ်သိမ်း


TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

 

လေကြောင်းသွားလာမှုများ များပြားလာသဖြင့် ခရီးစဉ်များ တိုးမြှင့်ပြေးဆွဲရန် လေယာဉ်များ လိုအပ်လာသည့်အတွက်ကြောင့်  Thai Airways International မှ လေယာဉ်ဟောင်းများကို ရောင်းချမည့်အစား ဆက်လက်သုံးစွဲသွားမည် ဖြစ်သည်။ 

.

လေယာဉ် ဒါဇင်ဝက်နီးပါး ရောင်းချဖို့ ဝဘ်ဆိုက်မှာ တင်ထားခဲ့သော  Thai Airways International က ယခုအခါ အရောင်းကမ်းလှမ်းချက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပါသည်။ လေကြောင်းသွားလာမှု များပြားလာသည်နှုန်း မြန်ဆန်နေသဖြင့် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် လေယာဉ် လိုအပ်လာသဖြင့် လောလောဆယ်တွင် လေယာဉ်အဟောင်းများကို ဆက်လက်အသုံးပြုသွားမည် ဖြစ်သည်။ လေယာဉ်အသစ် ဝယ်ယူမှုများလည်း များပြားနေသဖြင့် သက်တမ်းနုသည့် လေယာဉ်ရဖို့ ခဲယဉ်းနေကြောင်း   Thai Airways International လေကြောင်းလိုင်း ဥက္ကဋ္ဌ Piyasvasti Amranand က ပြောကြားသည်။ 

" စျေးကွက်က အခြေအနေ ပြောင်းလဲနေတယ်။ အသစ် ရဖို့ ဖြစ်ဖြစ်၊ တစ်ပတ်ရစ် ဌားရမ်းတာပဲ ဖြစ်ဖြစ် ကိုယ်ထည်အကျယ်ရော၊ အကျဉ်းရော ယခုအခါ ရဖို့ မလွယ်လောက်ပါဘူး" ဟု ၎င်းက ပြောကြားသည်။ 

Airbus SE A330 ၃ စီးနှင့် Boeing Co 777-200ER ၂ စီးတို့ကို အနားပေးထားရမှ လာမည့်နှစ်ဆန်းတွင် ပြန်လည်သုံးစွဲမည် ဖြစ်သည်။ ထို့ပြင် Airbus A350 ၄ စီး မှာကြားထားသည်ကိုလည်း ရရှိမည် ဖြစ်သည်။ 

နိုင်ငံပိုင် အမျိုးသားလေကြောင်းလိုင်း Thai Airways International (THAI) သည် နောက်နှစ်တွင် ကိုယ်ထည်အကျယ် လေယာဉ် ၁၀ စီး ထပ်ဖြည့်ထည့်မည့် အစီအစဉ် ရေးဆွဲထားသည်။ ၂၀၂၄ တွင် နောက်ထပ် ၈ စီး ထပ်ဖြည့်ထည့်မည် ဖြစ်သည်။ 

ယခုအခါ THAI တွင် လေယာဉ်ခသက်သာသည့် လေကြောင်းလိုင်း Thai Smile ၏ လေယာဉ်များ အပါအဝင် လေယာဉ် ၆၁ စီး ရှိသည်။ ယခင်က လေယာဉ် အစီး ၁၀၀ ရှိခဲ့သည်။ 

THAI သည် Boeing 747 ၁၂ စီးနှင့်  Airbus A340  ၅ စီးတို့ကို ရောင်းချခဲ့သည်။ နောက်ထပ် Airbus A340 လေယာဉ် ၄ စီးကို ရောင်းချရန် စီစဉ်နေဆဲ ဖြစ်သည်။  ဌားရမ်းသုံးစွဲသည့် Airbus A380 ၁၂ စီးကို ပြန်အပ်ခဲ့သည်။  သို့ဖြစ်ရာ ယခုအခါ Airbus A380 ကို ယာယီအားဖြင့် ပြန်ငှားရမ်းဖို့ စီစဉ်နေသည်။

Source bangkokpost

Read times
Rate this item
(0 votes)