Transportation

ကားသင်္ဘောလိုင်း Hyundai Glovis ဒေါ်လာ သန်း ၇၅၀ ကျော် ၂ နှစ်သက်တမ်း ကန်ထရိုက် ရရှိ

ကားသင်္ဘောလိုင်း Hyundai Glovis ဒေါ်လာ သန်း ၇၅၀ ကျော် ၂ နှစ်သက်တမ်း ကန်ထရိုက် ရရှိ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တောင်ကိုရီးယားမှ Hyundai Glovis သည် ဝမ် ၁.၀၅ ထရီလီယံ (ကန်ဒေါ်လာ ၇၈၉.၅ သန်း)တန် ၂နှစ် သက်တမ်းရှိ မော်တော်ယာဉ် ပို့ဆောင်ရေး ကန်ထရိုက်ကို ရရှိခဲ့သည်။

.

 Hyundai Motor Group ၏ ထောက်ပံ့ပို့ဆောင်ရေးယူနစ်သည် ၂၀၂၃ ခုနှစ်မှစပြီး ဥရောပတွင် ရောင်းချရန် အမည် ထုတ်ဖော်ပြောကြားခြင်း မရှိသော  မော်တော်ယာဉ်ထုတ်လုပ်သူ၏ မော်တော်ယာဉ်များကို ပို့ဆောင်ပေးရန်  ကားသင်္ဘော ၂ နှစ် ငှားရမ်းခြင်း ဖြစ်သည်။

အဆိုပါ စာချုပ်သည် Hyundai Glovis ၏ တစ်နှစ်တာ ဝင်ငွေ ၏ ၄.၈% နှင့် ညီမျှသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလတွင် ဥရောပ၊ အမေရိကနှင့် အာရှသို့ မော်တော်ယာဥ်များ တင်ပို့ရန်အတွက် ဝမ် ၂.၂ ထရီလီယံတန် ကန်ထရိုက်ကို စာချုပ် ချုပ်ဆိုခဲ့သည်။

 .

Hyundai Glovis သည် Hyundai အပြင် Volkswagen၊ Ford နှင့် BMW တို့၏ မော်တော်ယာဉ်များကိုလည်း ပို့ဆောင်ပေးလျက်ရှိပြီး ယမန်နှစ်က  Hyundai Glovis ရရှိသည့် ဝင်ငွေစုစုပေါင်း၏ ၆၀% ဝန်းကျင်ကို အခြားကားကုမ္ပဏီများမှ ကားများကို ပို့ဆောင်ပေးခြင်းမှ ရရှိခဲ့ပါသည်။

Source splash247

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)