Transportation

ဗီယက်နမ် မြန်နှုန်းမြင့် ရထားလမ်း အကောင်အထည်ဖော်မည်

ဗီယက်နမ် မြန်နှုန်းမြင့် ရထားလမ်း အကောင်အထည်ဖော်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်နှင့် ဗီယက်နမ်ကြား မီးရထားဖြင့်ကုန်သွယ်မှုသည် ယခုနှစ် ပထမ ၁၀ လအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။  နယ်စပ်ဖြတ်ကျော် ကုန်စည်စုစုပေါင်း တန်ချိန် ၆၀၇,၀၀၀ ကို ပို့ဆောင်ခဲ့သည်။တန်ဖိုးအားဖြင့် နှစ်နိုင်ငံ ကုန်တင်ကုန် သွယ်မှု ယွမ် ၁၆ ဒသမ ၅၈ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၃၃ ဘီလီယံ) ရှိပြီး နယ်စပ်ဖြတ်ကျော် ရထားပြေးဆွဲမှု ကြိမ်ရေ ၁,၉၃၆ ကြိမ် ရှိခဲ့ပါသည်။

.

တရုတ်နှင့် ဗီယက်နမ်တို့သည် လာအိုကိုင်-ဟနွိုင်း-ဟိုင်ဖန် မီးရထားလမ်းစီမံကိန်းကို အရှိန်မြှင့်ရန် အတူတကွ  ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလတွင် ထုတ်ပြန်‌ကြေညာခဲ့သည်။

.

ဗီယက်နမ်သည် ယခင်က တရုတ်ပြည်နှင့် ရထားလမ်းချိတ်ဆက်ရန် ဝန်လေးနေခဲ့သည်။ ဗီယက်နမ် ရထားလမ်းများသည် ရထားလမ်းအကျယ် meter-gauge ကို သုံးထားသည်။

 တရုတ် ရထားလမ်းများသည် နိုင်ငံတကာစံဖြစ်သည့်  standard-gauge ကို သုံးထားသည်။ ရထားလမ်းချင်း မတူသည့်အတွက် ချိတ်ဆက်ဖို့ ဝန်လေးနေခဲ့ခြင်း ဖြစ်သည်။

လာအိုကိုင်-ဟနွိုင်း-ဟိုင်ဖန်  Lao Cai-Hanoi-Haiphong  မီးရထားလမ်းကို standard-gauge ဖြင့် ဖောက်လုပ်မည်။

တရုတ်ရထားလမ်းပိုင်းနှင့် ဗီယက်နမ်ရထားလမ်းပိုင်းတို့ နှစ်နိုင်ငံ နယ်ခြားတွင် ဆုံကြမည်။ ဗီယက်နမ်ဘက်ခြမ်းတွင် လာအိုကိုင်မှာ ပြီးဆုံးမည်။ တရုတ်ဘက်ခြမ်းတွင် ဟီကိုမှာ ပြီးဆုံးမည်။

.

ပုံမှန်အားဖြင့် တစ်နာရီ ၈၀-၁၂၀ ကီလိုမီတာအမြန်နှုန်းထက် ပိုမြန်သောရထားကို ဗီယက်နမ် လနုလားသည်။ သို့ဖြစ်ရာ မြန်နှုန်းမြင့်သည့်ဒဏ်ကို ခံနိုင်ရည် ရှိအောင် တံတားများ၊ ဥမင်များကို ပြန်လည်တည်ဆောက်ပေးရမည် ဖြစ်သည်။ 

ရထားလမ်းကို ခရီးသည်တင်ရထားနှင့် ကုန်တင်ရထား နှစ်မျိုး သုံးစွဲမည်။ ရထား အမြန်ဆုံး အမြန်နှုန်းကို တစ်နာရီ ၂၀၀ ကီလိုမီတာဟု ဗီယက်နမ်က သတ်မှတ်ထားသည်။

ရထားလမ်း ဖောက်လုပ်ခြင်း ပြီးစီးသွားသည့်အခါ ဗီယက်နမ်သည် ဥရောပသို့ ပို့ကုန်များကို ရေကြောင်း၊ လေကြောင်းတို့သာမက ရထားလမ်းဖြင့်လည်း တရုတ်ပြည်မှတစ်ဆင့် တရုတ်-ဥရောပ ရထားဖြင့် တင်ပို့မည် ဖြစ်သည်။

Source globaltimes

Read times
Rate this item
(0 votes)