Transportation

FedEx လေကြောင်းပို့ဆောင်ရေး ခရီးစဉ်များ လျှော့ချ

FedEx လေကြောင်းပို့ဆောင်ရေး ခရီးစဉ်များ လျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကိုဗစ်ကပ်ရောဂါကာလတွင် အသွားအလာ ကန့်သတ်ထားသဖြင့် အွန်လိုင်းမှာ ဈေးဝယ်ယူမှု များပြားနေခဲ့ရာမှ ယခုအခါ e-commerce ကဏ္ဍတွင် ဝယ်လိုအား ကျဆင်းသဖြင့် ပေးပို့ရသော အမြန်ချောထုပ် အရေအတွက် သိသိသာသာ လျော့ကျသွားသည်ဖြစ်ရာ FedEx မှ အမြန်ချောထုပ် ပို့ဆောင်ပေးရန် လက်ခံရရှိသည့် ပမာဏ သိသိသာသာ လျော့နည်းသွားသည်။ သို့ဖြစ်ရာ FedEx က ပျံသန်းသည့် ခရီးစဉ်များကို လျှော့ချလိုက်ရသည်။

၂၀၂၂ အောက်တိုဘာလတွင် အမေရိကန်‌အခြေစိုက် အမြန်ပို့ဆောင်ရေး ကုမ္ပဏီကြီး FedEx သည် နေ့စဉ် နိုင်ငံတကာ လေကြောင်းပျံသန်းမှု ခရီးစဉ်များတွင်  အကြိမ်ရေ ၈ ကြိမ်မှ ၉ ကြိမ်အထိ လျှော့ချလိုက်သည်။ အမေရိကန်ပြည်တွင်းခရီးစဉ်များတွင် ကြိမ်ရေ ၂၃ ကြိမ် လျှော့ချလိုက်ကြောင်း FedEx စီအီးအို Mike Lenz က ပြောကြားသည်။

ပြည်တွင်း အမြန်ချောထုပ် ပို့ဆောင်ရေးတွင် နောက်ထပ် ကြိမ်ရေ ၈ ကြိမ်မှ ၉ ကြိမ်အထိ ထပ်မံလျှော့ချဦးမည် ဖြစ်ပြီး ကုန်တင်လေယာဉ်အချို့ကို ယာယီအားဖြင့် ရပ်နားထားကြောင်း ၎င်းက ပြောကြားသည်။

၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကုန်ကျစရိတ် ကန်ဒေါ်လာ ၄ ဘီလီယံ လျှော့ချနိုင်ရန် အစီအစဉ် ရေးဆွဲထားသည်။

ရပ်နားထားလိုက်သည့် လေယာဉ်များမှာ သက်တမ်းရင့် လေယာဉ်များဖြစ်ပြီး ရပ်နားထားခြင်းဖြင့် ပြုပြင်ထိန်းသိမ်းရေးစရိတ်များ သက်သာသွားစေသည်ဟု Mike Lenz က ပြောကြားသည်။

ပစိဖိတ်သမုဒ္ဒရာဖြတ်သန်းရသည့် ခရီးရှည် ခရီးစဉ်များကို ရပ်နားထားလိုက်ပြီး အမြန်ချောထုပ်များကို ခရီးသည်တင်လေယာဉ်များဖြင့် ပို့ဆောင်သည်။

ယခင်က ပစိဖိတ်သမုဒ္ဒရာဖြတ်သန်းရသည့် ခရီးရှည် ခရီးစဉ် ၁၆ ခုဖြင့် ပျံသန်းပို့ဆောင်ခဲ့ပြီး ယခုအခါ ၎င်းခရီးစဉ်များကို ရပ်နားထားလိုက်ပြီ ဖြစ်သည်။

ယခုနှစ်ကုန်တွင် ကိုယ်ထည်အကျယ် သက်တမ်းအရင့်ဆုံး McDonnell Douglas DC-10  လေယာဉ် ၃ စီးကို အပြီးအပိုင် အနားပေးမည် ဖြစ်သည်။ ယခင်အစီအစဉ်ထက် လအနည်းငယ် ပိုစောပြီး အနားပေးလိုက်ခြင်း ဖြစ်သည်။ နောက်နှစ်တွင်လည်း McDonnell Douglas DC-11 လေယာဉ် အချို့ကို အပြီးအပိုင် အနားပေးမည်ဖြစ်သည်။

 Source freightwaves

Read times
Rate this item
(0 votes)