Transportation

ကုမ္ပဏီဒေဝါလီခံသဖြင့် တည်ဆောက်ဆဲတန်းလမ်း အပျော်စီးသင်္ဘောကြီးကို ဒစ္စနေဝယ်ယူ

ကုမ္ပဏီဒေဝါလီခံသဖြင့် တည်ဆောက်ဆဲတန်းလမ်း အပျော်စီးသင်္ဘောကြီးကို ဒစ္စနေဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 ဂျာမနီနိုင်ငံရှိ သင်္ဘောကျင်းမှာ တည်ဆောက်ဆဲဖြစ်တဲ့ Global Dream အပျော်စီးသင်္ဘောကြီးကို Disney Cruise Line က ဝယ်ယူလိုက်ပါတယ်။ 

Genting Hong Kong အတွက် စုစုပေါင်း တန်ချိန် ၂၀၈,၀၀၀ ရှိတဲ့ သင်္ဘောကြီးကို  တည်ဆောက်နေတာ ဖြစ်ပါတယ်။  Genting Hong Kong က Dream Cruises, Crystal Cruises, Star Cruises အပျော်စီးသင်္ဘော ၃ စီး ပြေးဆွဲပါတယ်။ ထို့ပြင် Lloyd Werft နှင့် MV Werften သင်္ဘောကျင်းနှစ်ခုကိုလည်း လုပ်ကိုင်ပါတယ်။ 

၂၀၂၂ ဇန်နဝါရီလမှာ Genting Hong Kong က ဒေဝါလီ ခံလိုက်ပြီး တရားရုံးက တည်ဆောက်ဆဲ Global Dream အပါအဝင် Genting Hong Kong ရဲ့ ပိုင်ဆိုင်မှုအဝဝကို ထုခွဲရောင်းချဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၁၈ မှာ စတင်ဆောက်လုပ်ခဲ့တဲ့ Global Dream ကို တရုတ်ဈေးကွက်မှာ ပြေးဆွဲဖို့ ရည်ရွယ်ထားပါတယ်။ ခရီးသည်ဦးရေ ၉,၀၀၀ ခန့် လိုက်ပါစီးနင်းဖို့ ဒီဇိုင်းထုတ်ထားပါတယ်။  Disney Cruise Line အနေဖြင့် ထိုမျှအထိ ခရီးသည်များများ ကျပ်သိပ်တင်ဆောင်ဖို့ မလိုလားပါဘူး။ ဒါပေမဲ့ Disney Cruise Line ရဲ့ အပျော်စီးသင်္ဘောများထက် Global Dream က အရွယ်အစား ပိုကြီးမားပါတယ်။ 

Disney Cruise Line ရဲ့ နောက်ဆုံး သင်္ဘောအသစ် Disney Wish က ခရီးသည် ဦးရေ ၂,၅၀၈ တင်ဆောင်နိုင်ပါတယ်။ Global Dream ကို ခရီးသည် ဦးရေ ၆,၀၀၀ ဝန်းကျင်တင်ဆောင်ဖို့ ခန့်မှန်းထားပါတယ်။ သင်္ဘောဝန်ထမ်း ၂,၃၀၀ ဦး ခန့်ထားဖို့ ရည်မှန်းထားပါတယ်။ နာမည်ပြောင်းပြီး ၂၀၁၅ မှာ စတင်ပြေးဆွဲဖို့ လျာထားပါတယ်။ အမေရိကန်ပြင်ပ ခရီးစဉ်များ ပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။

.

ဆောက်လက်စ သင်္ဘောကြီးက ဂျာမနီနိုင်ငံ Wismar ရှိ MV Werften သင်္ဘောကျင်းမှာ ဖြစ်ပါတယ်။ Disney Cruise Line ရဲ့ နောက်ဆုံး သင်္ဘော ၃ စီး Disney Wish, Disney Fantasy, Disney Dream တို့ကို တည်ဆောက်ခဲ့တဲ့ Meyer Werft က ဆက်လက်တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။  Meyer Werft က လောလောဆယ် ဆောက်လက်စသင်္ဘော Disney Treasure ကို ၂၀၂၄မှာ ပြီးစီးဖို့ လျာထားပါတယ်။ ထို့အပြင် အမည်မပေးရသေးတဲ့ သင်္ဘောတစ်စီးကိုလည်း  Meyer Werft က တည်ဆောက်နေဆဲ ဖြစ်ပြီး ၂၀၂၅ မှာ ပြီးစီးဖို့ လျာထားပါတယ်။ 

၂၀၂၅ နှစ်ကုန်ကျရင် Disney Cruise Line မှာ အပျော်စီးသင်္ဘော ၈ စီးအထိ ရှိလာမှာ ဖြစ်ပါတယ်။ Disney Cruise Line ရဲ့ ပထမဆုံး နှစ်စီးက Disney Magic နှင့် Disney Wonder တို့ ဖြစ်ပါတယ်။ 

Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)